အခုလို ပူလွန်းတဲ့နွေရာသီမှာ နေရာင်ခြည်ဒဏ်ကြောင့် အသားအရေနေလောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေလောင်ထားတဲ့ အသားအရေကို ဖယ်ရှားဖို့ နည်းလမ်းရှာနေတဲ့သူတွေအတွက် အိမ်မှာတင်ဘဲ နေလာင်တာကို ကုသနိုင်တဲ့နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

ဒါတွေကတော့ နေရောင်ခြည်နဲ့ထိထားတဲ့ အသားအရေကို ထိန်းညှိပေးနိုင်တဲ့ အိမ်လုပ်ကုထုံးတွေပါ။

1. ရှားစောင်းလက်ပတ်ဂျယ် လိမ်းပေးပါ

ရှားစောင်းက အရေပြားရောင်ရမ်းမှုကို သက်သာစေတာကြောင့် ရှားစောင်းဂျလ်ကို နေလောင်ထားတဲ့ အရေပြားပေါ် တိုက်ရိုက်လိမ်းပါ ဒါမှမဟုတ် သဘာဝ ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့လုပ်ထားတဲ့ Product ကို သုံးပေးပါ။ ဒါပေမယ့် တခြား ကြာရှည်ခံပဓာတုစ္စည်းပါတဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်တွေကတော့ အသားယားတာကို ပိုဆိုးစေတာမလို့ ရှောင်ကြဉ်သင့်ပါတယ်။

2. အအေးခံထားတဲ့ Compress ကိုသုံးပါ

ရေခဲတုံးတွေကို အဝတ်နဲ့ထုတ်ပြီး ဒါမှမဟုတ် အကျဥ်းအကျုံ့လုပ်လို့ရတဲ့ Fabric Bag ထဲ ထည့်ပြီး နေလောင်ထားတဲ့ အရေပြားကို ကပ်ပေးပါ။ အရမ်းအေးလွန်းရင် အရေခွံကွာတာကို ပိုဆိုးစေပြီး အနာကျက်နှေးစေတာမလို့ ရေခဲတုံးကို တိုက်ရိုက်ကပ်တာမျိုး မလုပ်သင့်ပါဘူး။

3. Oatmeal နဲ့ ရေချိုးပါ

Oat သီးသန့်ကနေလုပ်ထားတဲ့ Oatmeal ၂ ခွက်လောက်ကို Blender ထဲထည့်ပြီး လုံးဝကြေသွားတဲ့အထိ ချေပေးပါ။ ကြေသွားတဲ့အမှုန့်တွေကို အအေးခံထားတဲ့ရေနွေး ဒါမှမဟုတ် ကြက်သီးနွေးရေထဲမှာ ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်အထိ စိမ်ထားလိုက်ပါ။ ပြီးမှ ချိုးပေးပါ။

4. ရေသောက်ပါ

အတွင်းပိုင်းကနေ နေလောင်တာကို ကုသဖို့ကလည်း အရေးကြီးပါတယ်။ ရေများများသောက်တာက ကျန်းမာတဲ့အသားအရေကို ထိန်းသိမ်းပေးနိုင်တာမလို့ အသားအရေနေလောင်ထားတဲသူတွေက ရေဓာတ်ပိုမိုလိုအပ်ပါတယ်။

5.ချောင်ချောင်ချိချိ ဝတ်ပါ

ကြပ်လွန်းတဲ့အဝတ်အစားတွေက အသားအရေကနဲ့ ပွတ်တိုက်ပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ချောင်ချောင်ချိချိရှိတဲ့ အဝတ်အစားများကို ရွေးဝတ်ပါ။

6. အသားအရေကို အစိုဓာတ်ထိန်းပါ

နေလောင်ထားတဲ့ အသားအရေကို အပျော့စား Cleanser သုံးပြီး သန့်ရှင်းပေးပါ။ ဝက်ခြံပေါက်တတ်တဲ့ အသားအရေမျိုးမဟုတ်ရင် အုန်းဆီကို လိမ်းလို့ရပါတယ်။ သင့်အသားအရေက ဝက်ခြံထွက်လွယ်ပြီး အဆီပြန်တတ်ရင်တော့ အပျော့စား Moisturiser ဒါမှမဟုတ် ရှားစောင်းလက်ပတ်ဂျယ်လ်ကို သုံးပါ။