မင်္ဂလာပါ ပျိုမေတို့ရေ။ အသားအရေခြောက်သွေ့ပြီး အရေပြားတွေလန်တဲ့အထိ အသားပတ်တဲ့ပြဿနာ ကြုံနေရတဲ့ သူတွေအတွက် ကိုယ်တိုင်ကုသနိုင်မယ့် အိမ်တွင်းနည်းတွေအကြောင်းကို ပြောပြပေးချင်ပါတယ်နော်။ အရေပြားအလွှာလန်ပြီး အရေခွံကွာတာက များသောအားဖြင့် အသားအရမ်းခြောက်တာ၊ နေပူခံများတဲ့အချိန်တွေမှာအဖြစ်များပြီး Sunscreen ပုံမှန်မလိမ်းမိရင်တော့ မျက်နှာအသားအရေပျက်စီးလာတဲ့အထိ ဖြစ်လာမှာပါ။ ဒါတွေပြန်သက်သာဖို့ ရေများများသောက်တာ၊ Moisturizer နဲ့ Sunscreen ပုံမှန်လိမ်းပြီး အစိုဓာတ်ထိန်းဖို့လိုတဲ့အပြင် အောက်မှာဖော်ပြပေးမယ့် သဘာဝနည်းတွေနဲ့လည်း ပြန်လည်ထိန်းသိမ်းနိုင်ပါတယ်နော်။

ရှားစောင်းလက်ပတ်


ပထမဆုံးနည်းက သဘာဝရှားစောင်းလက်ပတ်သုံးပြီး အစိုဓာတ်ရအောင်လုပ်ပေးရမှာပါ။ နေပူခံထားတဲ့နေ့တွေမှာ လိမ်းပေးမယ်ဆိုရင် အသားအေးကာ အရေပြားယားယံတာတွေမဖြစ်အောင် ကာကွယ်ပေးမှာပါ။

ရေခဲတုံး


ခြောက်သွေ့လွန်းတဲ့အသားအရေအတွက် ရေခဲနဲ့ပွတ်ပေးတာကလည်း နီမြန်းတာတွေသက်သာစေမှာပါ။ ရေခဲနဲ့ အရေခံကွာတဲ့နေရာတွေပေါ်ပွတ်ပြီး ကပ်တာမျိုးပြုလုပ်ပေးပါ။ ချွေးပေါက်ကျယ်နိုင်လို့ လိုအပ်မှတစ်ခါတစ်ရံသုံးတာမျိုး လုပ်သင့်ပါတယ်။

သံလွင်ဆီ


အရောအနှောမရှိတဲ့ သံလွင်ဆီကို အနည်းငယ်ကို အရေပြားလန်တဲ့နေရာတွေပေါ် ပါးပါးလေးလိမ်းပေးပါ။ အစိုဓာတ်ပေးတာမို့ နောက်တစ်ကြိမ်းထပ်မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

နို့အေး

အဝတ်သန့်တစ်ခုကို အအေးခံထားတဲ့နို့ခွက်ထဲမှာစိမ်ပြီး ပြန် မ ကာ အရေပြားလန်နေတဲ့ နေရာတွေပေါ် ၁၀ မိနစ်လောက် ကပ်ထားပေးပါ။ နို့အေးမှာ lactic Acid အာနိသင်ပါတာကြောင့် ဆဲလ်သေတွေဖယ်ရှားပြီး အသားအရေအစိုဓာတ်ရစေပါလိမ့်မယ်။

Tea Tree Oil


Tea Tree ဆီ အစက်အနည်းငယ်ချပြီး အခြားသောသဘာဝဆီတစ်မျိုးနဲ့ ရောပေးပါ။ ပြီးနောက် လိုအပ်တဲ့နေရာမှာ လိမ်းပေးရပါမယ်။ Tea Tree မှာ ဘက်တီးရီးယားတွေ ဖယ်ရှားပေးတဲ့ အာနိသင်ပါတာမို့ အသားအရေပြဿနာတော်တော်များများသက်သာစေပါလိမ့်မယ်။

သခွားသီးနဲ့ ဒိန်ချဉ်


သခွားသီးတစ်လုံးဝက်နဲ့ ဒိန်ချဉ်နှစ်ဇွန်းတို့ကို ယူပြီး အနှစ်ရအောင်မွှေပေးပါ။ ရလာတဲ့အနှစ်ရည်ကို အရေပြားလန်တတ်တဲ့နေရာတွေပေါ် ၁၅ မိနစ်လောက်လိမ်းထားပေးရပါမယ်။ သူတို့နှစ်မျိုးလုံးက အသားအေးပြီး အစိုဓာတ်ပေးတာမို့ အသားအရေမခြောက်ရအောင် ကာကွယ်ပြီးသား ဖြစ်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar