ပျိုမေတို့မင်္ဂလာပါနော်။ ပေါင်ကြားအတွင်းပိုင်းတွေ ညိုမဲတာက တော်တော်များများကြုံရတတ်တဲ့အရေပြား အခြေအနေတစ်ခုဖြစ်ပြီး အသားခြောက်တာ၊ လမ်းလျှောက်များတာ၊ ရေစို၊ ချွေးစိုနေတဲ့ အဝတ်ခပ်ကျပ်ကျပ်တွေ ဝတ်ဆင်တာမျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအသားအရောင်မညီတာကြောင့် ဘောင်းဘီတို၊ စကတ်တိုဝတ်ဖို့ တွေဝေနေရတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ သဘာဝအတိုင်းပြန်ဖြူလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။ ဒီနည်းတွေကို ပုံမှန်သေချာလေးဂရုစိုက်ပြီးလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။

၁။ လီမွန်ရည်နဲ့ ဒိန်ချဉ်


လီမွန်မှာ အရေပြားကိုချေးချွတ်သန့်စင်ပေးပြီး ဖြူဝင်းလာစေတဲ့ အာနိသင်ပါဝင်ပါတယ်။ လီမွန်ရည် နှစ်ဇွန်းနဲ့ Greek ဒိန်ချဉ် ခွက်တစ်ဝက်တို့ကို ရောမွှေပြီး ရေမစိုထားတဲ့ ပေါင်ခြံနှစ်ဖက်နေရာတွေမှာလိမ်းထားပေးပါ။ နာရီဝက်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချနိုင်ပါတယ်။ ဒီနည်းအတိုင်း တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

၂။ မုန့်ဖုတ်ဆိုဒါ


မုန့်ဖုတ်ဆိုဒါက ခြောက်သွေ့နေတဲ့ အသားအရေပေါ်က မလိုအပ်တဲ့ဆဲလ်သေတွေဖယ်ရှားပေးပြီး အရေပြားကိုသန့်စင်စေပါတယ်။ မုန့်ဖုတ်ဆိုဒါ တစ်ခွက်စာခန့်ကို ရေအနည်းငယ်နဲ့ရောပြီး ရေနဲ့ပျော်ဝင်သွားတဲ့အထိ ရောပေးပါ။ ရလာတဲ့အရည်နဲ့ မွဲညစ်နေတဲ့နေရာတွေကို ၁၅ မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ပြီးနောက်မှာတော့ ရေစင်အောင်ခပ်ဖွဖွသုတ်ပေးပြီး အစိုဓာတ်ထိန်းခရင်မ်လေး ပြန်လိမ်းထားနိုင်ပါတယ်။

၃။ သံပယိုသီးစိတ်


သံပယိုသီးအခြမ်းလေးတွေစိတ်ပြီး ပေါင်ခြံတစ်ဝိုက် အနည်းငယ်ပွတ်ပေးတာမျိုးကလည်း အသားအရောင် ပြန်ညီလာစေဖို့ကူညီပေးနိုင်မှာပါ။ ဒါပေမယ့် သံပယိုသီးမှာပါဝင်တဲ့ အက်စစ်ဓာတ် ချေးချွတ်အာနိသင်က သုံးပြီးနောက် အသားအရေကို Sensitive ဖြစ်စေတာကြောင့် နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးကိုတော့ သတိထားဖို့လိုပါတယ်။

၄။ သကြားနဲ့ အုန်းဆီ Scrub


သကြားတစ်ဇွန်းခန့်နဲ့ အုန်းဆီတစ်ဇွန်းစာတို့ကို သမအောင်ရောပြီး ရလာတဲ့အနှစ်ကို မဲညစ်နေတဲ့အရေပြားပေါ် လိမ်းပြီး တစ်မိနစ်ခန့်ထားကာ Scrub ပြုလုပ်ပေးတာကလည်း အသားအရောင်မွဲစေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားကာ ချေးချွတ်ပြီးသားဖြစ်စေပါလိမ့်မယ်။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်အထိပြုလုပ်နိုင်ပါတယ်။

၅။ ဆန်ဆေးရည်


ဆန်ဆေးရည်ကလည်း အလှအပနဲ့ အရေပြားကျန်းမာရေးအတွက်ထောက်ပံ့ပေးနိုင်ပါတယ်နော်။ ဒါကြောင့် ဆန်ဆေးရည်အနည်းငယ်ကို Spray ဖြန်းတဲ့ဘူးထဲထည့်ထားပြီး အသားအရောင်မညီတဲ့ နေရာတွေကိုဖြန်းပေးပါ။ ဖြန်းပြီးနောက် သူ့အလိုလိုခြောက်သွားတဲ့အထိစောင့်ပြီး ရေပြန်မဆေးဘဲ ထားနိုင်ပါတယ်။

၆။ ပျားရည်၊ သံပယိုရည်နဲ့ သံလွင်ဆီ


ပျားရည်က အသားအရေကိုနူးညံ့ချောမွေ့ပြီး အသားအရောင်ဝင်းစေဖို့ကူညီပေးနိုင်ပါတယ်။ ပျားရည်၊ သံလွင်ဆီနဲ့ သံပယိုရည်တို့ကို တစ်ဇွန်းခန့်စီဆတူရောပြီး နှံ့နေအောင်ရောမွှေပေးလိုက်ပါ။ ရလာတဲ့အရည်ကို ပေါင်သားအတွင်းပိုင်းတွေမှာလိမ်းပြီး မိနစ် ၂၀ ခန့်ထားကာ အချိန်ပြည့်တဲ့အခါ ရေနွေးနွေးနဲ့ဆေးချပေးလိုက်ပါ။

Photo Source: Pinterest