အလုပ်မအားလပ်တာကြောင့် Gym မသွားဖြစ်ဘူးဆိုရင်တောင် တစ်နေ့တာမှာ နာရီဝက်လောက်တော့ လှုပ်လှုပ်ရှားရှားနေသင့်ပါတယ်။ တကယ်လို့ သင်က အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်နေသူဆိုရင်တော့ ဒီပစ္စည်းတွေက မရှိမဖြစ်ပါပဲ။ ဒီပစ္စည်းတွေရဲ့ အကူအညီကြောင့် အားကစားလုပ်ရတာ ပိုလွယ်ကူလာပါလိမ့်မယ်။

၁။ Yoga ဖျာ


ကြမ်းပြင် လှဲပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ၊ တံတောင်နဲ့ ထောက်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေအတွက် Yoga ဖျာက မရှိမဖြစ်လိုအပ်ပါတယ်။ ကြမ်းပြင်မာမာကြီးမှာ လေ့ကျင့်ခန်းလုပ်တာထက် Yoga ဖျာပေါ်မှာ လေ့ကျင့်ခန်းလုပ်တာက သင့်ကို သက်တောင့်သက်သာဖြစ်စေမှာပါ။

၂။ အလေးတုံး


အလေးတုံး သေးသေးလေးတွေပါ။ အမျိုးသမီးတွေအတွက်ဆိုရင် ၂ ပေါင်ကနေ ၅ ပေါင် ဝန်းကျင် အလေးတုံးတွေက အဆင်ပြေပါတယ်။ လက်မောင်းသွယ်လျဖို့ အလေးမတဲ့အခါ အလေးတုံးတွေက အထောက်အကူဖြစ်မှာပါ။

၃။ ဗီဒီယို

Photo Source: Envato elements

အိမ်မှာလေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ ညွှန်ကြားချက် မပါဘဲနဲ့ လုပ်နိုင်မှာမဟုတ်ပါဘူး။ Instructor အားကစားနည်းပြတွေရဲ့ ညွှန်ကြားချက်ဗီဒီယိုတွေကို ကြည့်လုပ်ပေးမှ အဆင်ပြေမှာပါ။

၄။ ဖိနပ်


လမ်းလျှောက်တဲ့ဖိနပ် ကိုတော့ အိမ်မှာလေ့ကျင့်ခန်းလုပ်သူတိုင်း ဆောင်ထားသင့်ပါတယ်။ ယောဂကျင့်တဲ့အချိန် ဖိနပ်မလိုပေမယ့် ပြေးတဲ့အချိန် ခုန်တဲ့အချိန်တွေမှာ ဖိနပ်လိုအပ်ပါတယ်။

၅။ နှလုံးခုန်နှုန်းတိုင်းစက်


ကျွန်မတို့ရဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်ထိ အားကစားလုပ်ပြီးပြီလဲ ဘယ် Level ရောက်နေပြီလဲ ညွှန်ပြပါတယ်။ နှလုံးခုန်နှုန်းတိုင်းစက်က ကိုယ်အားကစား တစ်ခုကို ဘယ်လောက်ထိ ထိထိရောက်ရောက်လုပ်ပြီးပြီလဲ ပြပါတယ်။

၆။ အားကစားလုပ်တဲ့ Application


ကိုယ်အားကစားလုပ်တာကို မှတ်ထားတဲ့ Fitness Tracker တွေ ဗိုက်အဆီကျဖို့ ရည်ရွယ်ထားတဲ့ Application တွေက အားကစားလုပ်သူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar