မင်္ဂလာပါ ပျိုမေတို့ရေ။ နောက်ကျောနဲ့ ဘေးဘက်နေရာတွေမှာ အဆီပိုတွေရှိနေသလို ခံစားရတဲ့သူတွေအတွက် အဆီကျပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး ကျစ်လျစ်လာစေမယ့် ယောဂလေ့ကျင့်ခန်းအချို့ကို ဖော်ပြပေးချင်ပါတယ်နော်။ ဒီလိုနောက်ကျောနေရာတွေမှာ အဆီရှိနေလာပြီဆိုရင် ဝတ်နေကျအကျီၤတွေ သက်တောင့်သက်သာမရှိတော့တာ၊ မတော်တာမျိုးဖြစ်လာတတ်တာမို့ သင်စိတ်ညစ်ရမှာပါ။ နောက်ကျောအဆီက ချရခက်ပေမယ့် အခုဖော်ပြပေးမယ့် ယောဂလေ့ကျင့်ခန်းတွေကို စိတ်ရှည်ရှည်ထားပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို ခံစားမိပါလိမ့်မယ်။ ဒီတော့ လုပ်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

Bridge Pose


ဒီ Pose ကိုပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်အပေါ်ပိုင်းအဆီကျအတွက် အရမ်းထိရောက်ပါတယ်။ ကြမ်းပြင်မှာလှဲချကာ ခြေထောက်နှစ်ချောင်းကားပြီး ဒူးထောက်ထားပါ။ လက်နှစ်ဖက်ကိုကြမ်းပြင်မှာကပ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို အပေါ် မ တင်ပေးရပါမယ်။ လက်ချောင်းတွေကို ခြေဖနောင့်နဲ့ ထိပေးနိုင်ရင် ပိုကောင်းပါတယ်။ တစ်မိနစ်လောက်နေပြီး ခန္ဓာကိုယ်အောက်ပြန်ချနိုင်ပါတယ်နော်။

Cobra Pose


ကယ်လိုရီလောင်ကျွမ်းစေပြီး ကြွက်သားနာကျင်တာတွေသက်သာစေမယ့် အကြောလျှော့ Yoga Pose တစ်ခုဖြစ်ပါတယ်။ သူ့ကိုတော့ ပုံထဲကလို လက်ထောက်ကာ ခြေထောက်တွေကို နောက်ပြန်ဆန့်ထုတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ကော့ပေးရမှာပါ။ ဒီအနေအထားနဲ့ စက္ကန့် ၃၀ နေပြီး နှစ်ကြော့ပြုလုပ်ပေးရပါမယ်။

Bow Pose


ကိုယ်နေဟန်ထားကောင်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်း ကျစ်လျစ်စေတဲ့ Yoga Pose တစ်ခုဖြစ်လို့ သူ့ကိုတော့ ခန္ဓာကိုယ်မှောက်ကာ နောက်ပြန်ဒူးကွေးပြီး ခြေထောက်နှစ်ဖက်ကို လက်နဲ့ ခပ်တင်းတင်းဆွဲပေးရမှာပါ။ ဟန်ချက်ထိန်းနိုင်ဖို့ ခြေထောက်အနည်းငယ်ကားပြီး ပြုလုပ်နိုင်ပါတယ်။

Half Moon Pose


ပုံထဲကလို ခြေထောက်တစ်ဖက်ကားကာ လေပေါ်မှာ အတန်းလိုက်မြှောက်ပြီး တစ်ဖက်ကိုထောက်ထားပါ။ လက်တွေကိုလည်း ဆန့်ကျင်ဘက် နှစ်ဖက်ကားပေးရပါမယ်။ စက္ကန့် ၃၀ နေပြီး ဘက်ပြောင်းကာ ပြုလုပ်ပေးပါနော်။ တစ်ဖက်ချင်းအတွက် စက္ကန့် ၃၀ စီ ပြုလုပ်ပေးရပါမယ်။

Locust Pose


ဒီ Pose အတွက် ခန္ဓာကိုယ်မှောက်ကာ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့မထိအောင် မ ထားပြီး လက်တွေကိုလည်း နောက်ပြန်ဆန့်ထားပေးပါ။ လက်ဆန့်တဲ့အခါ နောက်ကျောကိုလည်း တင်းထားပေးရပါမယ်။ စက္ကန့် ၃၀ လောက်ထိန်းထားပြီး ခြေထောက်ပြန်ချနိုင်ပါတယ်။

Side Plank


ခန္ဓာကိုယ်စောင်းပြီး လက်တစ်ဖက်ထောက်ကာ ခြေဖျားစုထောက်ပေးရမယ့် ပုံစံဖြစ်ပါတယ်။ ခေါင်းကနေ ခြေဖျားအထိ ခန္ဓာကိုယ်တစ်တန်းတည်းဖြစ်အောင် ထားပါနော်။ ဒီအနေအထားအတိုင်း ဟန်ချက်ထိန်းထားပြီး အသက်ရှုသွင်းရှုထုတ် ငါးကြိမ်လောက်ရအောင် နေပေးပါ။ ပြီးနောက် ဘက်ပြောင်းပြီး အလားတူလုပ်ပေးပါနော်။

Photo Source: Pinterest

By MyStyle Myanmar