လှပတဲ့လက်သည်းလေးတွေ ရရှိစေဖို့အတွက် Healthy Habit 6 ခုကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းလှလှလေးတွေ၊ ကျန်းမာတဲ့ လက်သည်းလေးတွေ ပိုင်ဆိုင်ချင်တဲ့သူတွေဆိုရင် ပုံမှန်လေး လုပ်ပေးသင့်ပါတယ်။
လက်သည်းကိုသန့်ရှင်းအောင်ထားပါ
လက်သည်းကို သန့်ရှင်းအောင်ထားဖို့ကလည်း လက်သည်းကျန်းမာရေးနဲ့ လက်သည်းအလှအပအတွက် အရေးကြီးပါတယ်။ လက်သည်းနီကို လက်သည်းဖျက်ဆေးနဲ့ သေချာဖျက်ပါ။ အကြာကြီးမဆိုးထားပါနဲ့။ လက်သည်းကို ဆပ်ပြာနဲ့ပွတ်ပြီး သွားတိုက်တံနဲ့ ဖြေးဖြေးချင်းစီ ပွတ်တိုက်ပေးတာမျိုးကို တစ်ပတ်တစ်ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။
လက်သည်းကိုပုံမှန်ညှပ်ပေးပါ
လက်သည်းကို အကုန်မညှပ်ရင်တောင်မှ နည်းနည်းစီညှိုပေးပါ။ လက်စွယ်ငုတ်တာ၊ လက်သည်းချေးတွေ သေချာလုပ်ပေးပါ။ နှစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးပါ။ လက်သည်းပုံမှန်တိပေးတာ၊ ညှပ်ပေးတာက လက်သည်းလည်း ပိုပြီးသန်စေပါတယ်။
လက်သည်းကိုအရမ်းအရှည်ကြီးမထားပါနဲ့
လက်သည်းအလှမပျက်ချင်ရင် လက်သည်းအရှည်ကြီးမထားပါနဲ့။ လက်သည်းအရှည်ကြီးထားရင် လက်သည်းကျိုးပဲ့လွယ်ပါတယ်။ တစ်ခုခုထိမိခိုက်မိတာနဲ့ လက်သည်းပျက်စီးလွယ်ပါတယ်။ ဒါကြောင့် အနေတော်လေးပဲထားပါ။
Base Coat ခံဆိုးပါ
လက်သည်းနီဆိုးတော့မယ်ဆိုရင် မဆိုးခင်မှာ Base Coat ခံဆိုးဖို့မမေ့ပါနဲ့။ Base Coat ခံမဆိုးရင် လက်သည်းအရောင်စွန်းပြီး လက်သည်းပျက်စီးစေပါတယ်။ ကြာရင် လက်သည်းဝါညစ်တာတွေ ဖြစ်လာမှာပါ။
လက်သည်းကိုအနားပေးပါ
လက်သည်းကို အနားပေးပါဆိုတာကတော့ လက်သည်းနီကို အမြဲဆိုးထားတာမျိုးမလုပ်ပဲ တစ်ပတ်မှာ ၂ ရက်လောက် လက်သည်းကို သေချာသန့်ရှင်းပြီး ဗြောင်ပဲထားပါ။ ဘာမှမဆိုးပါနဲ့။ အမြဲတမ်း လက်သည်းနီဆိုးထားရင် လက်သည်းပျက်စီးပြီး ဝါညစ်တာ၊ လက်သည်းပျော့တာတွေ ဖြစ်စေပါတယ်။
အစားအသောက်
လက်သည်းကျန်းမာပြီး လှပစေဖို့အတွက်ဆိုရင် အစားအသောက်နဲ့လည်း ဆိုင်ပါတယ်။ Protein ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ ငါး၊ ပဲနဲ့ အခွံမာသီးတွေကိုလည်း များများစားပေးပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး Biotin နဲ့ Vitamin Supplements တွေသောက်ပေးတာလည်း ကောင်းပါတယ်။