မင်္ဂလာပါနော်။ နဖူးကျယ်တာ၊ နဖူးပြောင်တာက ကိုယ့်မျက်နှာပုံစံအလိုက်ဖြစ်တတ်တာမို့ ကြည့်ရဆိုးတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က ဒီလိုနဖူးပုံစံကို မကြိုက်လို့ ပြောင်းလဲချင်တယ်ဆိုရင် နဖူးကျဉ်းသလိုမြင်ရစေမယ့် Hairstyle လေးတွေပြောင်းပေးတာက အလွယ်ဆုံးပါပဲ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ နဖူးကျယ်တဲ့သူတွေနဲ့လိုက်ဖက်စေမယ့် ဆံပင်စတိုင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

အမှန်တကယ်နဖူးကျယ်တဲ့ အနုပညာရှင်အချို့ကိုယ်တိုင်ထားလေ့ရှိတဲ့ Hairstyle လေးတွေဖြစ်တာမို့ ကိုယ့်အကြိုက်နဲ့ တိုက်ဆိုင်တာလေးရွေးပြီး Try ကြည့်သင့်ပါတယ်နော်-

၁။ နဖူးကျယ်တာမသိသာဖို့ အရိုးရှင်းဆုံးထားနိုင်တဲ့ Hairstyle ကတော့ ဆံပင်တစ်ဖက်ဘေးခွဲတာပါ။ ခေါင်းဖြီးကာ ဆံကြောင်းတစ်ဖက်ကို နဖူးတစ်ဝက်အုပ်တဲ့အထိခွဲထားတဲ့ပုံစံလေး ထားနိုင်ပါတယ်။

၂။ ဆံပင်ဘေးခွဲကိုမှ ဒီလို လှိုင်းတွန့်လေးနဲ့အုပ်တဲ့ပုံစံကလည်း နဖူးကိုအုပ်ပေးတဲ့အပြင် မျက်နှာကျရှည်သွားသလိုလည်း မြင်ရစေမှာပါ။

၃။ ခေါင်းစည်းပုဝါနဲ့ ဘီးကုပ်လေးတွေလို Hair Accessories တွေ ဝတ်ပေးတာကလည်း နဖူးကျယ်တာ မသိသာအောင် အာရုံလွှဲလိုက်သလိုဖြစ်စေပါတယ်။ Accessories တစ်မျိုးဝတ်ပြီး နဖူးနားမှာ ဆံပင်ဝဲ၀ဲလေးချထားတာမျိုးလုပ်ကြည့်ပါ။

၄။ နဖူးကျယ်သူတွေနဲ့ အလိုက်ဖက်ဆုံးလို့ပြောလို့ရတဲ့ ဆံပင်ကေကတော့ ရှေ့ဆံမြိတ်လေးချပေးတာပါ။ ကိုယ့်မျက်နှာ Shape နဲ့လိုက်အောင် ဆံမြိတ်ပုံအမျိုးမျိုးပြောင်းပြီး ထားကြည့်ပါ။ ရိုးရိုးဆံမြိတ်အရှည်လေးတွေလည်းလှသလို Curtain Bang ပုံဘေးဝိုက်သွားတဲ့ Hairstyle နဲ့လည်းလိုက်ဖက်မှာပါ။

၅။ ဆံပင်ကို အထပ်ကေပုံစံ မျက်နှာဘေးနှစ်ဖက်နဲ့ကွက်တိ အတိုတစ်ထပ်ညှပ်ထားတဲ့ Hairstyle လးကလည်း မျက်နှာပြည့်တာ၊ နဖူးကျယ်တာတွေကို မသိသာစေပါဘူး။

၆။ သင်က ဆံပင်စည်းပြီး နေတတ်တဲ့သူဆိုရင် Messy Bun ပုံစံကိုမှ အမြင့်လေးထုံးကာ ရှေ့ဆံမြိတ်နဲ့ ဘေးဆံပင်လေးနည်းနည်း ချထားတာမျိုးလုပ်နိုင်ပါတယ်။ ထုံးရလွယ်သလို မျက်နှာကျသွယ်သွားတဲ့ ပုံစံလေးပေါ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar