အားလုံးပဲ မင်္ဂလာပါ။ ရုံးကို ဆံပင်စတိုင်လ်လှလှလေးပြင်သွားဖို့အတွက် ဘယ်လိုပဲ အိပ်ရာစောစော ထနေပါစေ မိတ်ကပ်ပြင်တာနဲ့ပဲအချိန်ကုန်သွားလို့ ဆံပင်မပြင်လိုက်ရဘဲ ဒီအတိုင်းခေါင်းဖြီးသွားရတဲ့ ပျိုမေလေးတွေ ဘယ်နှယောက်လောက်ရှိမလဲမသိဘူးနော်။

ဒါ့ကြောင့် ကျောင်းသွား၊ ရုံးတက်၊ အပြင်သွားဖို့အတွက် လွယ်ကူရိုးရှင်းပြီး ပြင်ဆင်ရတာမြန်ဆန်ပေမယ့် ပျိုမေလေးတို့ကို အမှန်အကန်လှပသွားစေမယ့် ဆံပင်စတိုင်လ်ပြုလုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။

ကျစ်ဆံမြီးအနားသတ်ဆံထုံး

ပထမဦးဆုံး အရှေ့ဘက်ခြမ်းက ဆံပင်လေးနည်းနည်းချန်ထားပြီး မြင်းမြီးဆံပင် ခပ်မြင့်မြင့်စည်းလိုက်ပါ။ ပြီးတဲ့အခါ ချန်ထားတဲ့အရှေ့ဆံပင်လေးတွေကို မြင်းမြီးစည်းထားတဲ့ ဆံပင်နဲ့ ပေါင်းကျစ်ပေးလိုက်ပါ။ ဘယ်ဘက်ကနေ ညာဘက်ကို ဖြည်းဖြည်းချင်းစီကျစ်ပြီးသွားတဲ့အခါ ခေါင်းစည်းကြိုးနဲ့ စည်းထားပြီး ကလစ်လေးနဲ့ ညှပ်ပေးလိုက်ပါ။ ဒါဆိုရင် နန်းစံစေတဲ့ဆံထုံးလေးပိုင်ဆိုင်သွားပါပြီ။

ရေပြင်ညီကျစ်ဆံမြီး

အရင်ဆုံး ဆံပင်ကို နှစ်ခြမ်းခွဲထားပြီး ကျစ်ဆံမြီးကိုအပြည့်မကျစ်ဘဲ ဘေးအနားလေးတွေပဲ ကျစ်ပေးရမှာပါ။ ပြီးတဲ့အခါ ညာဘက်ကျစ်ဆံမြီးကို အလျားလိုက်အနေအထား ပြုလုပ်ပြီး ကလစ်နဲ့ညှပ်ထားပါ။ ဘယ်ဘက်က ကျစ်ဆံမြီးကို ညာဘက်ကျစ်ဆံမြီးအပေါ်ထပ်လိုက်ပြီး ကလစ်နဲ့ခိုင် ခိုင်လေးညှပ်ထားပေးပါ။

အသည်းပုံ ဆံပင်စတိုင်လ်

ဆံထုံးအလိမ်

အဆင့် ၁ အနေနဲ့ ဆံပင်ကို နှစ်ခြမ်းခွဲပြီး မြင်းမြီးစတိုင်လ်မြင့်မြင့်စီးထားပါ။ ပြီးတဲ့အခါ အလိုက်သင့်လေးလိမ်လိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ အဲ့ဒီဆံပင်အလိမ် ၂ ခုကို ဆံထုံးပုံစံ ထုံးပေးပြီး ကလစ်နဲ့ ညှပ်ပေးလိုက်မယ်ဆိုရင် ကပိုကရိုလေးနဲ့ လှနေမယ့် ဆံထုံးလေး ရရှိသွားပါပြီ။

အလိမ်ဆံထုံးနောက်တစ်မျိုး

ဒီဆံပင်လေးပြုလုပ်မယ်ဆိုရင် ခေါင်းပတ်ကြိုးလေးတပ်လေးလိုက်မယ်ဆို ပိုလှသွားမှာပါ။ ဒါပေမဲ့ မတပ်လည်း ရပါတယ်။ အဆင့် ၁ က ပြထားတဲ့ အတိုင်း ဆံပင်စည်းမယ်။ ပြီးရင် ဘေးနှစ်ဖက်က ဆံပင်ကို လိမ်ပြီး အလယ်မှာ စုစည်းလိုက်ပါ။ ပြီးရင် ဘယ်ဘက်က ဆံပင်နည်းနည်း ယူပြီး လိမ်မယ်။ ပြီးရင် ညာဘက်က ဆံပင်နည်းနည်းယူပြီး လိမ်လိုက်ကာ ကလစ်နဲ့ထိုး၊ အဲ့ဒီလိုကနေ ဆံပင်တွေ ကုန်သွားတဲ့အထိ ဆက်လိမ်ပေးပြီး ကလစ်နဲ့ ညှပ်ပေးလိုက်ပါ။

ရိုးရှင်းတဲ့ ဆံပင်အလိမ်

Photo Source: Pinterest.com