မိုးရွာတဲ့အချိန် ဆံပင်ချထားလို့ မိုးထိမိရင် ဆံပင်တွေခြောက်တာ ရှုပ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဆိုးတာက ဗောက်ထတာနဲ့ တခြား ဦးရေပြားပိုးဝင်တာတွေဖြစ်တဲ့အခါ ဆံပင်ကိုပိုပြီးပျက်စီးစေပါတယ်။ ဒါကြောင့် မိုးရွာတဲ့နေ့တွေ အပြင်သွားတဲ့အခါ ဆံပင်ကိုချထားမယ့်အစား ဆံပင်မိုးရေဆိုတာကို ကာကွယ်ဖို့ ဒီလိုလေးတွေ လုပ်ကြည့်ပါ။

Ballerina Bun

Ballerina Buns တွေက လုံးဝကို ချစ်စရာကောင်းပြီး အချိန်မကုန်၊ လုပ်ရလွယ်ကူတဲ့ ပုံစံပါ။ ဒါက သင့်ဆံပင်ကို မိုးမစိုအောင် ကူညီပေးရုံသာမကဘဲ ဒီရာသီမှာ စတိုင်လ်ကျနေစေဖို့ ကူညီပေးပါလိမ့်မယ်။

Crown Braided Bun

သရဖူလိုကျစ်ထားတဲ့ Bun က အချိန်နည်းနည်းပေးရပေမယ့် မိုးရွာထဲမှာထီးဆောင်းသလို ဖန်တီးထားတဲ့ ဒီဆံပင်ပုံစံက မိုးရာသီအတွက် မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ပုံစံပါပဲ။

Double Buns

နှစ်ထပ်ဆံထုံးကို စမ်းကြည့်ပါ။ မိုးရွာတဲ့နေ့တွေမှာ ချစ်စရာ Elastic Band နဲ့ တန်ဆာဆင်ထားတဲ့ နှစ်ထပ်ကွမ်းဆံတုံးလေးတွေက ချစ်စရာကောင်းတဲ့ပုံလည်းပေါက်ပါတယ်။

Side Updo

မိုးရွာတဲ့နေ့ ချစ်သူနဲ့ချိန်းထားမိရင် ရိုမန်တစ်ဆန်တဲ့ ချစ်စရာကောင်းတဲ့ Side Updo ဆံပင်ပုံစံကို စမ်းကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေမှာသေချာပါတယ်။

Scarf Updo

ပုဝါဆံပင်ပုံစံတွေက မိုးရွာချိန်တွေမှာ ဆံပင်ကျွတ်တာကနေ သင့်ကို ကယ်တင်နိုင်ရုံသာမက စတိုင်လ်ကျစေမှာ အသေချာပါ။

Ponytail

နောက်ထပ်ရွေးချယ်စရာကတော့ Ponytail ပါ။ မိုးရွာတဲ့နေ့တွေမှာ မြန်မြန်ဆန်ဆန်နဲ့အကောင်းဆုံး အရိုးရှင်းဆုံးဆိုရင်တော့ Ponytail က အသင့်တော်ဆုံးပါပဲ။