ဆံပင်ကောင်းဖို့အတွက်ဆိုရင် ဆံကေသာကို ထိန်းသိမ်းရပါမယ်။ ဒါပေမယ့် ထိန်းသိမ်းပုံတွေ မှားနေရင်လည်း ဆံပင်ကောင်းမလာပဲ ပျက်စီးလာမှာပါ။ ဒါကြောင့် ကိုယ်တိုင်လုပ်မိနေတဲ့ အမှားတွေရှိရင်လည်း ပြင်ဆင်လို့ရအောင် ဆံပင်ကောင်းဖို့အတွက် အဟန့်အတားဖြစ်စေတဲ့ ဆံသားထိန်းသိမ်းပုံအမှား ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်အဖျားတွေမညှပ်ခြင်း

ဆံပင်ရှည်ချင်လို့၊ အုံထူချင်လို့ ဆံသားထိန်းသိမ်းတာတွေလုပ်မယ်၊ ဒါပေမယ့် ဆံပင်အဖျားတွေတော့ ညှပ်ထုတ်တာမျိုး မလုပ်ဘူးဆိုတာက မှားပါတယ်။ တစ်လတစ်ခါ မညှပ်ချင်ရင်တောင်မှ ၃ လတစ်ခါလောက်တော့ ပုံမှန်ညှပ်ပေးသင့်ပါတယ်။ ဒါမှ ပျက်စီးနေတဲ့ အောက်ဖျားတွေကုန်သွားပြီး ဆံပင်အရှည်မြန်လာမှာပါ။

Conditioner မသုံးခြင်း

ခေါင်းလျှော်ရင် ဒီတိုင်း shampoo နဲ့လျှော်တာမျိုး မလုပ်ပါနဲ့။ Conditioner သုံးပေးပါ။ ဒါမှ ဆံသားပျော့ပြောင်းပြီး ငြိတာ၊ ရှုပ်ထွေးတာ၊ ပျက်စီးနေတာတွေ သက်သာပါမယ်။ ဒါမှလည်း ဆံပင်ပိုကောင်းလာမှာပါ။

ပြင်းတဲ့ Products တွေသုံးခြင်း

အရမ်းပြင်းတဲ့ products တွေကိုသုံးရင် ဆံသားပျက်စီးလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ကိုယ်သုံးမယ့် product ကို သေချာကြည့်ပြီးဝယ်ရပါမယ်။

ခဏခဏခေါင်းဖြီးခြင်း

ဆံပင်လေးသပ်သပ်ရပ်ရပ်နဲ့ အမြဲလှချင်လို့ဆိုပြီး ခဏခဏခေါင်းဖြီးနေရင် ဆံပင်တွေကျွတ်ပြီး ဆံသားနာပါတယ်။ ဒါကြောင့် ခဏခဏမဖြီးပါနဲ့။

ဆံပင်ရေစိုနဲ့အိပ်ခြင်း

Dryer မှုတ်တာ ဆံသားပျက်စီးတယ်ဆိုပြီး ဆံပင်မစိုမခြောက် အနေအထားနဲ့ အိပ်လိုက်ရင်တော့ ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် dryer မမှုတ်ချင်ရင်လည်း သေချာခြောက်အောင်သုတ်ပါ။ Dryer မှုတ်မယ်ဆိုရင်လည်း လေအေးထားပြီးမှုတ်တာက ဆံသားပျက်စီးတာ သက်သာစေပါတယ်။

ရေပူနဲ့လျှော်ခြင်း

ခေါင်းလျှော်တဲ့အခါမှာ ရေပူနဲ့လျှော်တာက ဆံသားကြမ်းပြီး ကျွတ်တာ၊ ပျက်စီးတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ရေအပူချိန်ကို သေချာချိန်ပြီး လျှော်ဖို့လိုပါတယ်။ မလိုအပ်ရင်တော့ ဒီတိုင်း ရေအေးနဲ့ပဲလျှော်တာက အကောင်းဆုံးပါပဲ။