မင်္ဂလာပါနော်။ စိတ်ဖိစီးမှုဟာ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို သင့်ဆံကေသာကိုလည်း ထိခိုက်စေပါတယ်။

ခေါင်းလျှော်ရည်၊ ပေါင်းဆေး၊ ခေါင်းလိမ်းဆီတွေ လိမ်းပေးမယ့် ဆံကေသာနဲ့ ပတ်သက်လို့ သင်ကြုံတွေ့နေရတဲ့ ပြဿနာက သက်သာမသွားဘူးဆိုရင် သေချာပါပြီ သင့်မှာ စိတ်ဖိစီးမှုတွေ များနေတာပါ။

စိတ်ဖိစီးမှုကြောင့် ဘယ်လို ဆံကေသာပြဿနာတွေ ဖြစ်စေသလဲဆိုတာ မျှဝေပေးပါမယ်နော်။

၁။ ဆံပင်ကျွတ်ခြင်း

၂။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း

၃။ ဗောက်ထခြင်း

၄။ အဆီပြန်ခြင်း

၅။ ဆံပင်အရှည်နှေးခြင်း

၆။ ဦးရေပြား ယားယံခြင်း ဆံပင်မသန်ခြင်း

စိတ်ဖိစီးမှုလျော့ချဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ယောဂ လုပ်ပါ။ အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။