ခေါင်းလျှော်ရတာက ကျွန်မတို့အတွက် မခက်ခဲတဲ့ ပုံမှန်အလုပ်တစ်ခုပါ။ ဒါပေမဲ့ လုပ်နေကျကိုပဲ လွဲပြီး လုပ်နေမိတာတွေ ရှိပါတယ်။ ကိုယ်လုပ်တာ လွဲနေရင်လည်း ဆံကေသာက ကိုယ်မှန်းသလောက် မလှနိုင်ပါဘူး။ တစ်ခါတလေ မှားနေမှန်းတောင် မသိတာတွေ ရှိပါတယ်။ ဒီတော့ ဘယ်လို အမှားတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ ခေါင်းလျှော်တဲ့ပုံစံ လွဲတာ

မတ်တပ်ရပ်ပြီး ခေါင်းလျှော်တာက သင့်အတွက် ပိုလွယ်ပေမယ့် ရှေ့ဘက်ခေါင်းငုံ့ပြီး ခေါင်းလျှော်ပေးတာက ပိုထိရောက်ပါတယ်။ ခေါင်းငုံ့လိုက်တဲ့အခါ ရှန်ပူက ဆံပင်အလွှာတွေထဲ ပိုဝင်ပါတယ်။ ဒါ့အပြင် အသားအရေကို Hair Care Product တွေ မထိအောင် ကာကွယ်ရာရောက်ပါတယ်။

၂။ ခေါင်းမလျှော်ဖြစ်မှ Dry Shampoo သုံးတာ

အချိန်မရတဲ့ အခါ Dry Shampoo အမြန်ဖြန်းတာကို ပျိုမေတို့ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ Dry Shampoo ကို ဒီထက်သုံးလို့ရပါသေးတယ်။ သင့်ဆံပင်ကို ပိုထူတဲ့ ပုံစံရစေဖို့ပါ Dry Shampoo ကို သုံးနိုင်ပါတယ်။

၃။ ပျော့ဆေးကို အကြာကြီးထားတာ

ပျော့ဆေးသုံးတာက ဆံပင်ထိန်းသိမ်းမှု အဆင့်မှာ အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ ဆံပင်ကို တောက်ပပျော့ပြောင်းစေပြီး ဆံပင်ရှင်းရ လွယ်စေပါတယ်။ ဒါပေမဲ့ ပျော့ဆေးကို ဆံကေသာပေါ်မှာ အကြာကြီး ထားလိုက်တဲ့အခါ ဆံသားပို လေးလာစေပြီး အဆီပြန်စေပါတယ်။

၄။ ရှန်ပူတစ်မျိုးတည်းကိုပဲ သုံးတာ

သင်နဲ့ အသင့်တော်ဆုံး ရှန်ပူကို တွေ့တဲ့အခါ ဒီတစ်မျိုးထဲပဲ သုံးနေတတ်မှာပါ။ ဒါပေမဲ့ ဆံသားက ရှန်ပူတစ်မျိုးတည်းသုံးတဲ့အခါ ရိုးလာပြီး ထုတ်ကုန်က စိမ့်မဝင်တော့တာ ဖြစ်တတ်ပါတယ်။ ရှန်ပူတစ်မျိုးတည်းဝယ်ထားမယ့်အစား ရာသီဥတုအလိုက်၊ ရေအခြေအလိုက် အမျိုးမျိုး ပြောင်းလဲသင့်ပါတယ်။

၅။ ဆံပင်စည်းတာ

ခေါင်းလျှော်ပြီးခါစ အမြန် ဆံပင်စည်းတတ်ကြပါတယ်။ ဒါပေမဲ့ ဆံပင်ခေါက်တာ ဆံပင်ပြတ်တာတွေ ဖြစ်တတ်ပါတယ်။

၆။ ခေါင်းဖြီးတာ

ခေါင်းလျှော်ပြီးမှ ခေါင်းဖြီးတာ မဟုတ်ဘဲ မလျှော်ခင်တည်းက ခေါင်းဖြီးသင့်ပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်ဖြီးတဲ့အခါ ဆံပင်ရှင်းရ လွယ်ကူစေပါတယ်။

Source: Brighside.me