မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. အခုခေတ်မှာ ဆံပင်ကျန်းမာရေးကို အများစုက ဂရုတစိုက်နဲ့ ဂရုစိုက်လာတတ်ကြပေမယ့် ခေါင်းလျှော်တဲ့အချိန်တော်တော်များများက ဆံပင်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှားတွေကို မရည်ရွယ်ဘဲ အများကြီးလုပ်မိတတ်ကြပါတယ်။

ကျန်းမာတဲ့ဆံသားကိုပိုင်ဆိုင်နိုင်ဖို့အတွက်ဆို ခေါင်းလျှော်တဲ့အခါ ဒီအချက်တွေကို သတိထားပြီးရှောင်ကြဥ်သင့်ပါတယ်။ သင်ကော ဒီလိုအမှားတွေ လုပ်မိတတ်လား ?

ခေါင်းလျှော်တဲ့ပုံစံမှားယွင်းတာ

ရေချိုးနေတုန်း မတ်တပ်ရပ်ပြီး ခေါင်းလျှော်တာထက် ခေါင်းကိုငုံ့ပြီး ခေါင်းလျှော်တာက အမှန်တကယ် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။ ဆံပင်အရှည်ကို ခေါင်းငုံ့ပြီးလျှော်တဲ့အခါ ဆံပင်နေရာအနှှံ့ ပြောင်စင်အောင် လျှော်လို့ရပါတယ်။

ခေါင်းမလျှော်ဘဲ Dry Shampoo  သုံးတာ

Dry Shampoo ကိုသုံးတာက ခေါင်းလျှော်ဖို့အချိန်မရှိတဲ့အခါမျိုးတွေမှာ သင့်တော်ပေမယ့် ဦးရေပြားကိုယားယံစေတာကြောင့် ခနခနတော့ မသုံးသင့်ပါဘူး။

ဆံပင်ပျော့ဆေးကို အကြာကြီးသုံးတာ

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးကို သုံးပေးရင် ဆံနွယ်တွေကို ချောမွေ့စေတယ်ဆိုပေမယ့် အကြာကြီးထားမိရင် အဆီပြန်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် Conditioner ကို ဆံပင်ပေါ် ၃ မိနစ်ထက် ပိုမထားပါနဲ့။

ခေါင်းလျှော်ရည်တစ်မျိုးထဲကိုစွဲသုံးတာ

ခေါင်းလျှော်ရည်တမျိုးထဲကို အချိန်အကြာကြီးစွဲသုံးတာက ကောင်းတယ်လို့ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ အလုပ်မလုပ်တော့ပါဘူး။ ရာသီဥတု၊ ရေနဲ့ ဆံသားပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ကို ပြောင်းသုံးသင့်ပါတယ်။

ဆံပင်စိုနေတဲ့အချိန်မှာ ဆံပင်စည်းတာ

ခေါင်းလျှော်ပြီးတဲ့အချိန်မှာ မျက်နှာပေါ်ကျနေတဲ့ဆံပင်တွေကိုဖယ်ဖို့ စည်းတာ ထုံးတာတွေက အဆင်ပြေတယ်လို့ထင်ရပေမယ့်  ဒီအလေ့အထက ဆံပင်တွေကို အမှန်တကယ်ပျက်စီးစေပြီး ကွဲထွက်သွားစေနိုင်ပါတယ်။ ဆံပင်က စိုနေတုန်းအချိန်က အထိခိုက်နိုင်ဆုံးအချိန်ဖြစ်တာမလို့  အားပျော့သွားပြီး ကျိုးပဲ့သွားနိုင်ပါတယ်။

ခေါင်းမလျှော်ခင် ဆံပင်ကို မဖြီးတာ

ခေါင်းလျှော်ပြီးရင် ဆံပင်ကို ဖြီးမယ့်အစား ရေမချိုးခင် ဖြီးပေးလိုက်ပါ။ ဒီလိုဖြီးတာက ဆံပင်တွေရှုပ်တာ ငြိတာတွေမျိုးတွေကို ကင်းဝေးစေဖို့ ကူညီပေးပါတယ်။

 

Source: brightside