ပျော်ရွှင်မှုဆိုတဲ့အရာကို ကိုယ်တိုင် ဖန်တီးရပါတယ်။ တချို့အလေ့အကျင့်တွေက သင့်ကို ပိုပျော်တတ်တဲ့ လူတစ်ယောက်ဖြစ်အောင် တွန်းပို့ပေးနိုင်ပါတယ်။ နေ့တစ်နေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့က လူတိုင်း လိုချင်တဲ့အရာပါ။ အမြဲပျော်ရွှင်ချင်တဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ထက်တစ်နေ့ ပိုပျော်စေမယ့် အလေ့အကျင့်တွေကို သိထားသင့်ပါတယ်။ ဒီအလေ့အကျင့်တွေကတော့-

၁။ စာချရေးပါ

သင့်ကို ပျော်ရွှင်စေတဲ့အရာတွေကို စာအုပ်ထဲ ရေးပေးပါ။ ကိုယ့်ကိုကိုယ် သဘောကျတဲ့ အရာတွေကို ရေးပေးပါ။ စာအုပ်တစ်အုပ်ထဲမှာ ရေးလိုက်တာက သင့်စိတ်ကို ထွက်ပေါက်ဖြစ်စေပါတယ်။

၂။ အသေးအမွှားလေးတွေကိုလည်း တန်ဖိုးထားပါ

သင့်မှာပိုင်ဆိုင်ထားတဲ့အရာတိုင်းကို တန်ဖိုးထားတတ်အောင် ကြိုးစားပါ။ အသေးအမွှားလေးတွေကနေလည်း ပျော်ရွှင်မှုကို ခံစားတတ်အောင် သင်ယူပါ။ မနက်ခင်း ငှက်သံလေးတွေ၊ ချိုမြိန်တဲ့ ကိတ်မုန့်တစ်တုံးရဲ့ အရသာ၊ ပန်းပွင့်လေးတွေရဲ့ ရနံ့ စတာတွေကို ခံစားပြီး ပျော်ရွှင်တတ်ပါစေ။

၃။ ပေးဆပ်တတ်ပါစေ

ပျော်ပျော်နေတတ်တဲ့သူတွေက သူတို့အချိန်တွေကို အခြားသူတွေကို ကူညီပေးရင်းနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ Volunteer လုပ်ပေးပါ။ သင့်ကြောင့် လူတစ်ယောက်အဆင်ပြေတာကို တွေ့သွားတဲ့အချိန် ရလာတဲ့ခံစားချက်က ဘာနဲ့မှ လဲလို့မရနိုင်ပါဘူး။

၄။ လေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့

ချွေးထွက်မှ နေရထိုင်ရ ပေါ့ပါးပါတယ်။ လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ သင့်ကို အရင်ကထက် ပေါ့ပါးသွက်လက်စေပြီး ပိုပျော်ရွှင်စေပါလိမ့်မယ်။

၅။ တရားထိုင်ပါ

ဝင်သက်ထွက်သက်ကိုပဲ အာရုံစိုက်တတ်တဲ့ အကျင့်ကို လေ့ကျင့်ကြည့်ပါ။ တရားထိုင်လေ့ရှိသူက အလုပ်ကိစ္စတွေကို အရင်ကထက် ပိုအာရုံစိုက်နိုင်လာပါလိမ့်မယ်။

၆။ ပျော်ရွှင်ဖို့ ကြိုးစားပါ

အလိုလိုနေရင်း ပျော်ရွှင်မှုကို ခံစားရနိုင်သလို ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်ဖို့ ဖန်တီးသင့်ပါတယ်။

သင့်အနေနဲ့ကော ပျော်ရွှင်စေဖို့ ဘယ်လိုအရာတွေ လုပ်လေ့ရှိလဲ Comment ပေးခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar