အားလုံးပဲမင်္ဂလာပါနော်။ စိတ်ရှုပ်ထွေးပြီး စိတ်ဓာတ်ကျနေတဲ့အခါ ဘာကိုမှအကောင်းမမြင်နိုင်ဘဲ လေလွှင့်နေတဲ့ခံစားချက်မျိုး လူတိုင်းနီးပါးဖြစ်ဖူးကြမှာပါ။ ဒီအချိန်တွေမှာ အမူအကျင့်ကောင်းအချို့ မွေးမြူထားခြင်းက Comfort Zone ထဲဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတာနဲ့ စိတ်ဓာတ်ကျနေတဲ့ အခြေအနေတွေကနေ ဆွဲထုတ်ပေးနိုင်သလို ဘဝအောင်မြင်မှုလမ်းစတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒီလို အလေ့အကျင့်ကောင်းတွေကို အတုယူနိုင်ဖို့အတွက် ဒီတစ်ခေါက်မှာ အကောင်းမြင်စိတ်များသူတွေ၊ ကျော်ကြားတဲ့ အောင်မြင်ရေးအကြံပေးတွေ ကိုယ်တိုင်ကျင့်သုံးလေ့ရှိတဲ့ အမူအကျင့်ကောင်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အခက်အခဲနဲ့တွေ့မှာကို မကြောက်ကြဘူး


အခက်အခဲတွေနဲ့တွေ့တိုင်း အကောင်းမြင်စိတ်ထားနိုင်ဖို့က ထင်သလောက်မလွယ်ကူပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့သူတွေကတော့ အခက်အခဲတွေရောက်လာမှာကို မကြောက်ကြသလို အကောင်းဘက်ကတွေးပြီး သင်ခန်းစာယူတတ်ကြပါတယ်။

၂။ စိန်ခေါ်မှုတိုင်းကို လက်ခံနိုင်ကြတယ်


ဘဝရဲ့ စိန်ခေါ်မှုတိုင်းကို အကောင်းမြင်စိတ်ထားပြီး လက်ခံဖြေရှင်းနိုင်တာက ကိုယ့်ကိုယ်ပိုရင့်ကျက်စေပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ပိုသိလာစေပါတယ်။

၃။ ကျန်းမာတဲ့စားသောက်ပုံရှိကြတယ်


အစားအသောက်က စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် သက်ရောက်မှုများစွာရှိတာမို့ ခန္ဓာကိုယ်နဲ့စိတ်ကို ကြည်လင်စေမယ့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့စားသောက်မှုပုံစံမျိုးရှိထားသင့်ပါတယ်။ အဆီများပြီး ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေတဲ့ အစားအသောက်တွေက သင့်စိတ်ကိုပိုပြီး လေးလံထိုင်းမှိုင်းလာစေမှာပါ။

၄။ အားကစားပုံမှန်လုပ်ကြတယ်


အောင်မြင်တဲ့သူတွေဟာ စိတ်ကြည်လင်တက်ကြွနေဖို့ အားကစားလုပ်ဖို့အတွက် အချိန်ပေးလေ့ရှိကြပါတယ်။ လှုပ်လှုပ်ရှားရှားနေပြီး လေ့ကျင့်ခန်းပုံမှန်လုပ်တာက တစ်နေ့တာ Mood ကောင်းစေသလို ကျန်းမာသွက်လက်တဲ့ခန္ဓာကိုယ်ကိုပါထိန်းထားနိုင်စေပါတယ်။

၅။ အခွင့်အရေးကို ထိုင်စောင့်မနေတတ်ကြပါဘူး


အကောင်းမြင်စိတ်ရှိသူတွေ၊ အောင်မြင်တဲ့သူတွေက ကိုယ်လိုချင်တာကိုရဖို့ ကြိုးစားရှာဖွေတတ်တဲ့သူတွေပါ။ ပြည့်စုံတဲ့အခွင့်အရေးတွေဟာ သူ့အလိုလိုရောက်မလာနိုင်တာကို လက်ခံထားကြပြီး ကိုယ်တိုင်ရှာဖွေရင်း အခက်အခဲတွေကြားမှာ ဘဝကိုပျော်ပျော်နေတတ်အောင် သင်ယူတတ်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။

၆။ မနက်ပိုင်း နောက်ကျတဲ့အထိအိပ်တာကို ရှောင်တယ်

Photo Source: amazon.it

အောင်မြင်တဲ့သူအများစုမှာ မနက်ပိုင်းစောစောထတတ်တဲ့အကျင့်ရှိကြပါတယ်။ နောက်ကျမှအိပ်ရာထတာက လန်းလန်းဆန်းဆန်းမရှိဘဲ သင့်စိတ်ကိုနောက်ကျိစေတာကြောင့် ကိုယ်လုပ်စရာရှိတာတွေတော်ရုံနဲ့မပြီးဘဲ နှောင့်နှေးစေပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးလန်းဆန်းဖို့ မနက် ၆နာရီ ၇နာရီလောက် ပုံမှန်ထပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar