ချစ်သူတိုင်း တစ်ယောက်နဲ့တစ်ယောက်ကြား ပျင်းရိငြီးငွေ့မှု မရှိအောင် ပြောင်းလဲလုပ်ကြည့်သင့်တဲ့ ဒိတ်အိုင်ဒီယာတွေ ရှိပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ပျော်စရာတွေ မနည်းသွားအောင် စုံတွဲတွေကြား ဖန်တီးနိုင်တဲ့ ထူးခြားတဲ့ ဒိတ်အိုင်ဒီယာတွေ ရှိပါတယ်။ ဘယ်အိုင်ဒီယာတွေ ဖြစ်မလဲ ဆက်ကြည့်လိုက်ပါနော်-

၁။ အပင်သွားဝယ်ပါ

သင်က ကောင်လေးနဲ့ Shopping ထွက်ဖူးမှာပါ။ Shopping ထွက်တဲ့အချိန်မှာတော့ သင်က ဘာအင်္ကျီဝတ်ရမလဲဆိုတာနဲ့ပဲ အာရုံများနေပါလိမ့်မယ်။ ဒါပေမဲ့ အပင်ဝယ်တာကတော့ ဒီလိုမလုပ်ပါဘူး။ အချင်းချင်း ပန်းတွေအကြောင်း ပြောနိုင်သလို ဒိတ်အမှတ်တရ အနေနဲ့ အပင်လေးပါ ဝယ်သွားနိုင်ပါတယ်။

၂။ အဖွဲ့အစည်းထဲ ဝင်ပါ ပါ

သင်က သူနဲ့ အပြင်သွားတိုင်း ပိုက်ဆံကုန်တယ်ဆိုရင် အပြောင်းအလဲအနေနဲ့ Volunteer လုပ်နိုင်ပါတယ်​။ နှစ်ယောက်သား ပရဟိတအတူတူ လုပ်ရင်း တစ်ယောက် အကြောင်း တစ်ယောက် ပိုသိနိုင်ပါတယ်​။

၃။ အသီးတူတူဝယ်ပါ

ရာသီပေါ် အသီးအနှံတွေက ကျန်းမာရေးနဲ့ ညီညွတ်တာကို သင်တို့ချစ်သူ နှစ်ဦးလုံး သိပြီး ဖြစ်မှာပါ​။ အသီးဆိုင်တွေ သွားကာ နှစ်ယောက်သား အသီးရွေးနိုင်ပါတယ်။ ဒီလိုဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေရမယ်ဆိုတဲ့ အသိကိုလည်း နှစ်ဦးလုံး ရလာပါလိမ့်မယ်။

၄။ အားကစားနည်းတစ်ခုခု သင်ပါ

ဘယ်သူမှ ကိုယ့်ချစ်သူရှေ့ အရှက်မကွဲချင်ကြပါဘူး။ ဒါပေမဲ့ ဒါကိုပဲ သင်တို့နှစ်ဦးလုံး စမ်းလုပ်ကြည့်ရင်ကော။ သင်တို့ ချစ်သူနှစ်ဦး မလုပ်ဖူးတဲ့ အားကစားနည်း တစ်ခုခုကို လုပ်ကြည့်သင့်ပါတယ်​။ ဒီလိုဆို နှစ်ယောက်လုံးလည်း ဝိတ်ကျလာပါလိမ့်မယ်။

၅။ ပဟေဠိလေးတွေ ဖန်တီးပါ

ဒီနည်းလမ်းကတော့ သင်တို့နှစ်ဦးလုံး အချိန်ပေးနိုင်၊ လုပ်နိုင်မှ အဆင်ပြေမှာပါ။ နှစ်ယောက်လုံးက ပဟေဠိဖွက်ရတာ သဘောကျတယ်၊ ပြိုင်ပွဲတွေ လုပ်ရတာ ကြိုက်ရင် စကားထာလေးတွေနဲ့ တစ်ယောက်ရှိမယ့် နေရာကို တစ်ယောက် ပြောပြနိုင်ပါတယ်။

၆။ နှစ်ယောက်သား ဗဟုသုတ ဆည်းပူးပါ

နှစ်ယောက် ဒိတ်တဲ့အချိန် စာတူတူလုပ်လို့ရပါတယ်။ Free Class တွေကို နှစ်ယောက်တူတူ Join ပြီး တစ်ယောက်ရဲ့ Sexy ကျ တဲ့ အာရုံစိုက်ပုံ ဘက်ခြမ်းကို ပြသနိုင်ပါတယ်။

Source: Allwomenstalk

By MyStyle Myanmar