ဝိတ်ကျစေဖို့အတွက် မနက်ခင်းမှာလုပ်ရမယ့် Floor Workout 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။ Gym မသွားဖြစ်တဲ့သူတွေအတွက်ဆိုလည်း အရမ်းအဆင်ပြေတဲ့ Workout တွေဖြစ်ပါတယ်။ ဒါကြောင့် Try ကြည့်ကြည့်နော်။

Burpees

ဝိတ်ကျစေဖို့အတွက်ဆိုရင် ဒီ Burpees Workout က မပါမဖြစ် အထိရောက်ဆုံးတစ်ခုပါပဲ။ အဆီတွေကျပြီး ဝိတ်ကျစေတဲ့ Workout ဖြစ်ပါတယ်။ စိတ်ကိုလည်း Active ဖြစ်စေပါတယ်။ ၁၀ ကြိမ်၊ အကြိမ် ၂၀ လောက် ဆက်တိုက်လုပ်ပြီးရင် ၁ မိနစ်နား ပြီးရင် ပြန်လုပ်ပါ။ နားလိုက် ပြန်လုပ်လိုက်နဲ့ ၃ ခေါက်လောက်ဆို ရပါပြီ။

Mountain Climbers

ဝိတ်ကျစေဖို့ကူညီပေးမယ့် နောက်ထပ် အကောင်းဆုံး Workout ဖြစ်ပါတယ်။ ဗိုက်အဆီ၊ ခါးအဆီ၊ ခြေထောက်၊ ပေါင်ကအဆီတွေ ကျစေမယ့် Workout ပါ။ ဒီ Workout ကို လုပ်တဲ့အခါ သွက်သွက်လေးလုပ်ပေးပါ။ Non-stop လုပ်ရပါမယ်။ တစ်ခါလုပ်ရင် စက္ကန့် ၆၀၊ ၃၀ လောက်လုပ်ပေးပြီး ၁ မိနစ်နား ပြီးရင် ထပ်လုပ်ပါ။ ၃ ခေါက်လောက် လုပ်ပေးပါ။

Downward-Facing Dog

ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁၀ ကြိမ်လုပ်ပြီးရင် ၁ မိနစ်နား၊ ပြီးရင် နောက်တစ်ခေါက် ထပ်လုပ်ပေးပါ။ ဒါလည်း ဝိတ်ကျစေဖို့ ကူညီပေးမယ့် Workout ပါပဲ။ အိမ်မှာလုပ်တဲ့အခါ ဒီလို Workout တွေလုပ်ရတာက ပိုအဆင်ပြေပြီး ထိရောက်မှုလည်း ရှိစေပါတယ်။

Leg Raises

ခြေထောက်ကိုဆင်းထားရာကနေ ၉၀ ဒီဂရီ အပေါ်မြှောက်ရမှာပါ။ အဲ့အတိုင်း ဖြေးဖြေးနဲ့မှန်မှန် ၁၅ ကြိမ် လုပ်ပေးပါ။ ပြီးရင် ၄၅ စက္ကန့်နား၊ ပြီးရင် ပြန်လုပ်ပါ။ အဲ့လိုပဲ နားလိုက်၊ လုပ်လိုက်နဲ့ ၃ ခေါက် လုပ်ရမှာ ဖြစ်ပါတယ်။ ဗိုက်အဆီတွေကျစေဖို့ အထိရောက်ဆုံး Workout ဖြစ်ပါတယ်။

Planks

ဝိတ်ကျ အဆီကျဖို့အတွက် Workout လုပ်ပြီဆိုရင် Planks ထောက်တာကတော့ မပါမဖြစ်ပါပဲ။ ဒါကြောင့် Planks ထောက်တာကို လုပ်ရပါမယ်။ တစ်ခါလုပ်ရင် စက္ကန့် ၃၀၊ ၆၀ လောက် နေပေးပါ။ ပြီးရင် ၁ မိနစ်နား၊ ပြီးရင် ပြန်လုပ်ပါ။ ဒါလည်း ၃ ခေါက်ပါပဲ။

Supermans

ပုံမှာလုပ်ပြထားတဲ့ Supermans Workout အတိုင်း ၁၅ ကြိမ် ဆက်တိုက်လုပ်ပေးပါ။ ပြီးရင် ၁ မိနစ်နား၊ ပြီးရင် ထပ်လုပ်ပါ။ သူလည်း ၃ ခေါက်ပါပဲ။ လက်မောင်းအဆီ၊ ခြေထောက်အဆီနဲ့ ဗိုက်အဆီတွေကျစေပါတယ်။