မင်္ဂလာပါ… ပျိုမေတို့ရေ… အခုဆိုရင် အလှအပအတွက် Skin care တွေ Treatment တွေသာမက  အသားအရေတင်းရင်းစေဖို့ V Shape ရဖို့အတွက် Fillers တွေကိုလည်း အသုံးပြုလာကြပါပြီ။ ဒီလိုထိုးဆေးသုံးတာက အချိန်တိုအတွင်း ရလဒ်ကိုမြင်ရတာမလို့ အနုပညာရှင်တွေကအစ သုံးနေကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် တချို့အနုပညာရှင်တွေကတော့ တိုးတိုးတိတ်တိတ်လုပ်လေ့ရှိကြသလို တချို့ကတော့ အမှန်တိုင်းချပြတတ်ကြပါတယ်။ အခုဖော်ပြထားတာက Fillers အတွေ့အကြုံကို ပွင့်ပွင့်လင်းလင်း မျှဝေထားတဲ့ ဖိလစ်ပိုင်နိုင်ငံက အနုပညာရှင် ( ၆ ) ဦးပါ။

Sofia Andres

Sofia Andres ဟာ ကိုယ်ဝန်ဆောင်ပြီးနောက်မှာ ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများစွာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ တင်းပြည့်ပြီး စိုစွတ်နေတဲ့ နှုတ်ခမ်းသားကို ပြန်လည်ရရှိဖို့အတွက် သူမဟာ Fillers လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Zeinab Harake

Zeinab Harake က နှုတ်ခမ်းသားကို အရမ်းထူစေချင်တာကြောင့်  Fillers လုပ်ခဲ့တာပါ။ ခုတော့ သူမရဲ့ အသွင်အပြင်အသစ်ကို သဘောကျနေပါပြီ။

Sue Ramirez

Sue ရဲ့နုပျိုလှပတဲ့အလှက ငြင်းစရာမရှိပါဘူး။  ဒါပေမယ့် အသက်ကြီးလာတဲ့အခါ လည်ပင်းနားက အရေပြားတွေ လျော့ရဲလာတာကြောင့် Thermage လုပ်ခဲ့ပါတယ်။ Thermage က သူမကို အလှပဆုံး V ပုံသဏ္ဍာန်ဖြစ်အောင် ဖန်တီးပေးထားပါတယ်။

Jennylyn Mercado

အသက် 30 အစောပိုင်းမှာ Jennylyn က သူမရဲ့မျက်နှာပေါ်က အသားအရည်လျော့လာတာကို သတိပြုမိခဲ့တာကြောင့်  Fillers လုပ်ပြီး အလွယ်တကူဖြေရှင်းနိုင်ခဲ့ပါတယ်။

Vern Encisco-Lim

Vern Encisco-Lim က ခွဲစိတ်ဖို့မလိုတဲ့  Nose Fillers ကိုလုပ်တုန်းက အတွေ့အကြုံကိုလည်း ဝေမျှထားပါသေးတယ်။ “ ခြားနားချက်ကို ငါတကယ်မြင်ရပြီး သဘာဝဆန်တဲ့ပုံပေါက်တာကို ငါသဘောကျတယ်။” ဆိုပြီး သူမရဲ့ နှာခေါင်းအသစ်ကြောင့် မယုံနိုင်လောက်အောင်ပျော်ရွှင်နေခဲ့ပါတယ်။

Matteo Guidicelli

ထိပ်ပြောင်တာက မိသားစုဝင်ထဲမှာမျိုးရိုးလိုဖြစ်နေတာကြောင့် Matteo က ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ Hair Fillers ကို လုပ်ခဲ့သူပါ။ “ကျွန်တော့်အဖေက ထိပ်ပြောင်ပြီး ကျွန်တော်ထိပ်မပြောင်ချင်တာကြောင့် ဆံပင်ကျွတ်တာကို ကာကွယ်ခြင်း (ကုသမှု) Hair Fillers ကို လုပ်ခဲ့တာဖြစ်ပါတယ်” လို့ သူက မျှဝေခဲ့ပါတယ်။