အခုဖော်ပြထားတဲ့ အမျိုးသမီး Kpop Idol အနုပညာရှင်တွေက ချစ်စရာကောင်းပြီး ချောမောလှပတဲ့ Visual ကို ပိုင်ဆိုင်ထားကြတဲ့အပြင် ခန္ဓာကိုယ်မှာ ကြွက်သားနဲ့ ဗလပါရှိတဲ့ သူတွေ ဖြစ်ပါတယ်။ တချို့တွေဆိုရင် သင်မထင်ထားဘဲ အံ့သြရတဲ့အထိ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

Kazuha (LE SSERAFIM)

Kazuha က အပြစ်ကင်းစင်ပြီး ရှင်းလင်းတဲ့ အကြည်ဓာတ်လေးကြောင့် ပရိတ်သတ်တွေ နှစ်သက်ရတဲ့ Kpop Idol ပါ။

သူမက ဒါတွေအပြင် ခွန်အားဗလကိုပါ ပိုင်ဆိုင်ကြောင်း 11 Line Abs နဲ့ ပရိတ်သတ်တွေကို အံ့သြစေခဲ့သူပါ။

ဘဲလေးအကပညာရှင် ပီပီ ဗိုက်အပြင် တစ်ကိုယ်လုံးမှာ ကြွက်သားအပြည့်နဲ့ Kazuha ဖြစ်ပါတယ်။

Momo (TWICE)

နူးညံ့သိမ်မွေ့တဲ့ အလှ Visual နဲ့ Momo ကလည်း ကြွက်သားတွေကို ပိုင်ဆိုင်ထားသူပါ။

အထူးသဖြင့် Fan တွေက Momo ရဲ့ ကျစ်လစ်တဲ့ လက်မောင်းကြွက်သားတွေကို နှစ်သက်ကြပါတယ်။

ဒါ့အပြင် Momo ရဲ့ အကသက်တမ်း ကြာလာတဲ့အလျောက် ပိုင်ဆိုင်လာတဲ့ ဗိုက်ကြွက်သားတွေကိုလည်း ပရိတ်သတ်တွေက သဘောကျကြပါတယ်။ သူမရဲ့ အနှစ်သက်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုကတော့ Plank ထောက်အနေအထားနဲ့ ခန္ဓာကိုယ်ကို ဘယ်ညာ လှည့်ရတဲ့ လေ့ကျင့်ခန်းပါ။

Somi

Produce 101 ပြီးကတည်းက Somi က ဗိုက်ကြွက်သားတွေကို တဖြည်းဖြည်း ပိုင်ဆိုင်လာသူပါ။

ဒါပေမယ့် ဒီလို ကြွက်သားတွေကို သူမက အလွယ်တကူ ရခဲ့တာမဟုတ်ပါဘူး။ ကျောရိုး သန်မာမှုကို ပိုင်ဆိုင်ဖို့ Somi က Pilates ဆော့လေ့ရှိပါတယ်။

သူမက မျိုးရိုးဗီဇ ဆက်ခံရာမှာ ကံကောင်းသူလို့လည်း ပြောနိုင်ပါတယ်။ ဘာလီု့လဲဆိုတော့ သူမရဲ့ ဖခင်ကလည်း သန်မာကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ပိုင်ရှင်ပါ။

Kim Sejeong

Kim Sejeong ရဲ့ အရုပ်မ မျက်နှာပေါက်လေးကို ကြည့်ပြီး လှည့်စားမခံရပါစေနဲ့။ ဘာလို့လဲဆိုတော့-

သူမက Muscle Queen လို့တောင် လူသိများခဲ့တာပါ။ လက်မောင်းကနေ ဗိုက်ကြွက်သားအထိ အားလုံးကို Kim Sejeong က ပိုင်ဆိုင်ပါတယ်။

Chaeryeong (ITZY)

ရှင်းလင်းတဲ့ ကြွက်သားတည်ဆောက်မှုကို ပိုင်ဆိုင်သူကတော့ ITZY အဖွဲ့ဝင် Chaeryeong ပါ။

သူမက ဒီလို ဗိုက်ကြွက်သားတွေကို ပိုင်ဆိုင်ဖို့ အပြင်းအထန် လေ့ကျင့်ခန်း လုပ်သူ ဖြစ်ပြီး ပိုလည်း လှလာသူ ဖြစ်ပါတယ်။

Solar (MAMAMOO)

Fit Idol အနေနဲ့ Solar ကို လူသိများပါတယ်။ သူမက ပြင်းထန်တဲ့ Diet လုပ်ပြီးနောက်မှာတော့ ရှင်းလင်းတဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။

Diet မလုပ်ဖြစ်တဲ့နောက်ပိုင်းမှာလည်း သူမက ဒီလို Toned Body ကို ထိန်းသိမ်းထားနိုင်ဆဲပါ။

Solar က Gym မှာ Stength Training ကို ပုံမှန်စွဲ လုပ်လေ့ရှိသူဖြစ်တာကြောင့် ခွန်အားနဲ့ ကြွက်သားတွေကို ပိုင်ဆိုင်လာသူ ဖြစ်ပါတယ်။

ဒါ့အပြင် Solar က ခွန်အား သုံးကရတဲ့ Pole Dance ကိုလည်း ကပါသေးတယ်။

Source: Koreaboo

By MyStyle Myanmar