ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ Kpop ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ ကိုးရီးယား အမျိုးသမီး Idol တော်တော်များများဟာဆိုရင် သီချင်းဖျော်ဖြေမှုအတွက် အကလေ့ကျင့်ရတဲ့အပြင် Workout နဲ့ Yoga တွေကိုပါ ပြုလုပ်ပြီး လှုပ်လှုပ်ရှားရှားနေတတ်ကြတာကြောင့် သွယ်လျလှပတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ ဒီတစ်ခေါက်မှာ အသက်အရွယ်ရလာတဲ့အထိ ပရိသတ်တော်တော်များများ အားကျရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအဆစ်မျိုး ပိုင်ဆိုင်ထားတဲ့ Idol အချို့နဲ့ သူတို့ရဲ့ နုပျိုသွယ်လျစေဖို့ ထိန်းသိမ်းနည်းတွေအကြောင်းကို ပျိုမေတို့အတုယူနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။

၁။ IU


အဆိုတော်နဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ IU ရဲ့ ဝိတ်ချစဉ်က စားခဲ့တဲ့ Diet နည်းလမ်းကိုတော့ Kpop ပရိသတ်တော်တော်များများသိကြမှာပါ။ သူမဟာ မနက်စာကို ပန်းသီးတစ်လုံး၊ နေ့စဉ်စာကို ကန်စွန်းဥနှစ်လုံးနဲ့ ညနေစာကို Protein Shake တစ်ဗူးပဲသောက်ပြီးဝိတ်ထိန်းထားခဲ့သူဖြစ်ပါတယ်။ သူမဟာ Diet အပြင် လှေကားတက်ခြင်း၊ အကြောလျှော့ခြင်းနဲ့ Aerobic လေ့ကျင့်ခန်းတွေကိုပါပြုလုပ်လေ့ရှိတဲ့သူဖြစ်ပါတယ်။

၂။ Seolhyun


A.O.A အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Seolhyun ကိုတော့ ပရိသတ်တွေက Kpop လောကရဲ့ ဆွဲဆောင်မှုအရှိဆုံး ခန္ဓာကိုယ်အချိုးအစားပိုင်ရှင်တွေထဲက တစ်ဦးအဖြစ်သတ်မှတ်ထားကြပါတယ်။ သူမဟာ ပြည့်စုံတဲ့ ခန္ဓာကိုယ်အတွက် အလွန်အကျွံ အစားရှောင်တာမျိုးမရှိဘဲ မနက်စာနဲ့ ညနေစာပုံမှန်စားပြီး လေ့ကျင့်ခန်းနဲ့ ကယ်လိုရီလောင်ကျွမ်းစေတဲ့သူဖြစ်ပါတယ်။ များသောအားဖြင့် ကြက်ရင်ပုံ၊ ကန်စွန်းဥ၊ ကြက်ဥ၊ အစေ့အဆံနဲ့ ဒိန်ချဉ်တွေပုံမှန်စားလေ့ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။

၃။ Eunji


Apink အဖွဲ့ရဲ့ Eunji ကတော့ ခန္ဓာကိုယ်သွယ်လျစေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ပရိုတင်းပါဝင်မှုများတဲ့ အစားအသောက်တွေ စားသုံးသင့်တယ်လို့အကြံပြုခဲ့ဖူးပါတယ်။ သူမအနေနဲ့ Diet ၊ လေ့ကျင့်ခန်းစတာတွေ ကြိုးစားလုပ်ပြီးနောက်မှာ ကိုယ့်ကိုကိုယ်အားပေးတဲ့အနေနဲ့ စားချင်တာစားနိုင်မယ့် ရက်တစ်ရက်ထားလေ့ရှိတယ်လို့လည်းပြောပြခဲ့ပါတယ်။

၄။ Momo


Twice အဖွဲ့ဝင် Momo ကတော့ တင်းရင်းပြီးကျစ်လျစ်တဲ့ Abs ကြွက်သားတွေပိုင်ဆိုင်ထားသူတစ်ဦးပါ။ သူမဟာ ခုန်ပေါက်ပြုလုပ်ရတဲ့ HIIT လေ့ကျင့်ခန်းတွေပြုလုပ်လေ့ရှိပြီး ဗိုက်ကြွက်သားတက်ချင်သူတွေအနေနဲ့ Plank ထောက်လျက် ခန္ဓာကိုယ်လှည့်ပေးရတဲ့လေ့ကျင့်ခန်းကို တစ်နေ့ အခါ (၅၀) သုံးကြိမ်ခန့်ပြုလုပ်ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

၅။ Kahi


After School အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဆိုတော် Kahi ကတော့ အသက် (၄၀) လို့မထင်ရလောက်အောင် ပြည့်စုံတဲ့ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားသူတစ်ဦးပါ။ သူမဟာ ငယ်ရွယ်တဲ့အချိန်ကတည်းက လိုချင်တဲ့ခန္ဓာကိုယ်ရဖို့ လေ့ကျင့်ခန်းနဲ့ Diet တွေပြုလုပ်လေ့ရှိပြီး မနက်စာကို ဌက်ပျောသီးနဲ့ ဒိန်ချဉ်၊ နေ့လည်စာကို ရေညှိ၊ ငါးအနည်းငယ်နဲ့ ထမင်းသုံးပုံတစ်ပုံ၊ ညပိုင်းမှာ ငရုတ်ကောင်းမှုန့်နဲ့ ကြက်ဥပြုတ်တစ်လုံးတို့ကိုသာစားတတ်သူဖြစ်ပါတယ်။

၆။ Nana


နောက်ထပ်အားကျစရာကောင်းတဲ့ ခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ထားသူကတော့ After School အဖွဲ့ဝင် Nana ဖြစ်ပါတယ်။ ပျိုမေတိုင်းလိုချင်ကြတဲ့ ခါးသွယ်သွယ်၊ ခြေတံရှည်ရှည်တွေကို ပိုင်ဆိုင်ထားတဲ့ သူမကလည်း ဒီလိုခန္ဓာကိုယ်ကိုထိန်းသိမ်းနိုင်ဖို့ မလွယ်ကြောင်းနဲ့ သူမအနေနဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကို အမြဲပုံမှန်ဂရုစိုက်ပေးပြီး ကျန်းမာရေးကိုလည်းသေချာဂရုစိုက်ပေးဖို့လိုကြောင်း ပြောပြခဲ့ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar