မင်္ဂလာပါနော်။ ကိုယ့်ရဲ့ ဝိတ်ကိုထိန်းထားပေမယ့် နည်းနည်းလေး ပိုစားမိတာနဲ့ ဗိုက်ထွက်ပြီး ဝလာဖို့ အရမ်းလွယ်လို့ စိတ်ရှုပ်နေရတယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ဝိတ်ထိန်းဖို့အတွက် နေ့တိုင်းလျှော့စားတာက ရေရှည်မှာအဆင်မပြေတာမို့ လေ့ကျင့်ခန်းပါတွဲလုပ်ဖို့က အရေးကြီးပါတယ်။ လွယ်လွယ်နဲဝိတ်မတက်အောင် ပြောင်းလဲဖို့ဆိုရင် ခန္ဓာကိုယ် shape ကိုပါ ပြုပြင်နိုင်မယ့် Strength Training လေ့ကျင့်ခန်းတွေ လုပ်တာ အကောင်းဆုံးပါ။ Strength Training က ကိုယ်တွင်းအဆီလျော့ကာ ကြွက်သားထွက်ပြီး ခန္ဓာကိုယ်ကျစ်စေတဲ့အတွက် တော်ရုံနဲ့ဝမလာအောင် ထိန်းလိုက်သလိုဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေအတွက် လုပ်ပေးရမယ့်လေ့ကျင့်ခန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ ထိရောက်တဲ့ ရလဒ်အတွက် အလေးတုံးတွေနဲ့ တွဲလုပ်ပေးဖို့တော့ လိုပါတယ်နော်။

လေ့ကျင့်ခန်း ၁


အလေးတုံး မ ပြီး Squat ထိုင်ကာ ပြန်ထပေးရမှာပါ။ Squat ကိုခါးမကုန်းဘဲ အနေအထားမှန်မှန်ထိုင်ပေးရပါမယ်။ ၁၅ ကြိမ် နှစ်ကြော့လောက်ရအောင် ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၂


ဒူးအနည်းငယ်ကွေးကာ တင်ပါးနောက်ပစ်ပြီး ခါးကိုဆန့်ထုတ်ထားပါ။ ပုံထဲကလို အလေးတုံးနှစ်တုံးကိုင်ပြီး တံတောင်ကိုကွေးလိုက် ပြန်ချလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။ လက်ကိုကွေးတဲ့အခါ ဘေးဘက်မကားသွားအောင် သတိထားရပါမယ်။ ဒီအတိုင်း စက္ကန့် ၃၀ အနည်းဆုံးလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃


သူ့ကိုလည်း အလေးတုံး မ ကာ ရှေ့နဲ့နောက် ဒူးနှစ်ဖက်ကို ၉၀ ဒီဂရီကွေးရတဲ့ ပုံစံလုပ်ပေးရမှာပါ။ ဒူးကွေးတဲ့ခါ အောက်က ကြမ်းပြင်ကို ထိလို့မရပါဘူး။ တစ်ဖက်ချင်းပြောင်းပြီး စက္ကန့် ၃၀ လောက်လုပ်ပေးဖို့လိုပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ကျစ်လျစ်လာစေမှာပါ။

လေ့ကျင့်ခန်း ၄


ပုံပါအတိုင်း ခြေထောက်ကားကာ ဒူးမကွေးဘဲ တင်ပါးကိုနောက်ပစ်ပြီး အလေးတုံး မ လွှဲပေးရမယ့်လေ့ကျင့်ခန်းဖြစ်ပါတယ်။ သူ့ကိုလည်း တတ်နိုင်သလောက် တစ်မိနစ်လောက်ရအောင်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၅


သူ့ကိုတော့ နောက်မှာ မှီနိုင်တဲ့ ခုံတစ်ခုထားကာ ပုံထဲသလို ဒူးထောက်ပြီး အောက်ဗိုက်ပေါ် အလေးတုံး တင်ပေးထားပါ။ တင်ပါးနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို အပေါ်ကြွလိုက် အောက်ပြန်ချလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၆


ဒိုက်ထိုးတာကိုမှ ဒူးတစ်ဖက်ထောက်ပြီး ဟန်ချက်ထိန်းကာ ပြုလုပ်ပေးရမှာပါ။ Begineer မို့မလုပ်နိုင်တဲ့သူတွေက ဒူးနှစ်ဖက်ထောက်ပြီး လုပ်ပေးပါ။ လေ့ကျင့်ရင်းရသွားတဲ့အခါ တစ်ဖက်ထဲထောက်တာ၊ အလွတ်ဒိုက်ထိုးတာမျိုး လုပ်ပေးနိုင်ပါတယ်။ သူ့ကိုလည်း စက္ကန့် ၃၀ လောက်ရအောင် လုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar