မျက်မှန်တပ်ထားလည်း မျက်လုံးအလှလေး ပေါ်လွင်နေအောင် Eye Makeup ကို အာရုံစိုက်ပြီး ပြင်ဆင်ပေးသင့်ပါတယ်နော်။ များသောအားဖြင့် မျက်မှန်နဲ့ ကောင်မလေးတွေက သဘာဝဆန်တဲ့ မိတ်ကပ်ပြေပြေ၊ နှုတ်ခမ်းနီအရောင်ရင့်လေးတွေနဲ့ Eye Makeup ၊ ပါးနီ ထင်းထင်းလေးတွေပါတဲ့ ချစ်စရာမိတ်ကပ် Look လေးတွေနဲ့ လိုက်ဖက်ကြပါတယ်။

အခုတစ်ခေါက်မှာ အချိန်တိုင်းနီးပါး မျက်မှန်တပ်ရတဲ့သူတွေနဲ့ လိုက်ဖက်စေမယ့် Eye Makeup ခြယ်သနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ မျက်မှန်အောက်က မျက်ဝန်းလေးတွေ တောက်ပနေဖို့ ဒီလိုနည်းလေးတွေသုံးပြီး ပြင်ကြည့်လိုက်ရအောင်နော်။

၁။ အရင်ဆုံး မျက်တောင်လေးကို Eyelash Curler နဲ့ သေချာကော့ပေးပါ

မျက်မှန်တပ်တဲ့သူတွေအတွက် မျက်တောင်လေးကော့နေဖို့ အရေးအကြီးဆုံးပါပဲနော်။ ဒါကြောင့် Mascara မသုံးခင်အရင်ဆုံး Curler လေးနဲ့ကော့ပေးပါ။ အချိန်ကြာကြာ မျက်တောင်လေးကော့ပြီး သဘာဝအတိုင်း ထင်းနေစေပါလိမ့်မယ်။

၂။ မျက်တောင်ရှည်ထွက်စေမယ့် Mascara မျိုးသုံးပါ

Mascara သုံးတဲ့အခါ မျက်တောင်ရှည်ပြီး ထူပုံပေါက်စေတဲ့ အမျိုးအစားကောင်းကောင်းလေးတွေ သုံးပေးဖို့လိုပါတယ်။ ဒါမှ မျက်မှန်အောက်က သင့်မျက်ဝန်းလေးတွေကို ထင်းနေစေမှာပါ။ မျက်မှန်နဲ့ထိတာ၊ မျက်လုံးပွတ်မိတာနဲ့ ဘေးကိုပျံ့ပြီး ကြည့်ရမဆိုးစေမယ့် ရေစိုခံ Mascara လေးတွေ သုံးပေးရင် ပိုကောင်းပါတယ်။ မျက်တောင်အရမ်းပါးသလို ခံစားရတဲ့သူတွေကတော့ မျက်တောင်တုလေးတွေ တပ်တာမျိုး ပြုလုပ်ကြည့်ပါ။

၃။ အရောင်ပါတဲ့ Eyeliner တွေသုံးပါ

များသောအားဖြင့် မျက်မှန်ကိုင်းတွေက အပေါ်မျက်ခွံကို ဖုံးသွားတတ်တာမို့ Eyeliner ကို ပုံမှန်သုံးနေကျ အညို၊ အမဲ ကာလာတွေထက် အရောင်ပါတဲ့ Eyeliner လေးတွေသုံးပေးဖို့လိုပါတယ်။ ဒါမှ သင့် Eye Makeup ကိုအရောင်ပိုထွက်စေမှာဖြစ်သလို မျက်ရစ်မပါတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

၄။ Glitter ပါတဲ့ Eyeshadow လေးတွေသုံးပါ

Eyeshadow ခြယ်တဲ့အခါ အရောင်လွင်ပြီး Glitter အမှုန်လက်လက်လေးတွေပါတဲ့ Look လေးတွေ ပြင်ပေးတာက သင့်မျက်လုံးတွေပိုကျယ်ပြီး လင်းသွားစေပါတယ်။ မျက်မှန်အောက်က မျက်ဝန်းလေးတွေကို ကြည့်လိုက်တာနဲ့ အရောင်လဲ့ပြီး ထင်းနေစေမှာဖြစ်လို့ Glitter Makeup လေးတွေ ပြင်ကြည့်ဖို့ မမေ့ပါနဲ့နော်။

၅။ အောက်မျက်ခွံကို Nude ဒါမှမဟုတ် အဖြူဘက်သွားတဲ့ Eyeliner လေးသုံးပေးပါ

အောက်မျက်ခွံအတွက် Eyeliner သုံးတဲ့အခါ အမဲ၊ အညိုစတဲ့ အရမ်းမှောင်တဲ့အရောင်တွေက မျက်လုံးကို ပိုကျဉ်းပုံပေါ်စေမှာပါ။ ဒါကြောင့် အောက်မျက်ခွံခြယ်တဲ့အခါ အဖြူနဲ့ ကာလာပါတဲ့ Eyeliner လးတွေသုံးကြည့်ပေးဖို့လိုပါတယ်။

၆။ မျက်ခုံးမွှေးကို ထောင့်ချွန်ချွန်လေးဆွဲပါ

မျက်ခုံးမွှေးဆွဲတဲ့အခါ သင့်မျက်မှန်အပေါ်ကိုင်းကို အပေါ်ကဘောင်ခတ်လိုက်သလိုပုံစံမျိုး ရှည်ရှည်ချွန်ချွန်လေး ဆွဲပေးသင့်ပါတယ်။ အရမ်းထူထူကြီးမဖြစ်ဘဲ ချွန်ပြီးပုံကျနေဖို့ မျက်ခုံးမွှေးဆွဲတံ ခပ်ပါးပါးလေးသုံးပေးပါ။

Photo Source: Pinterest, Youtube