ကိုယ်ဟန်အနေအထား ပိုကောင်းလာစေဖို့အတွက် လုပ်သင့်တဲ့ workout (6) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကျားမ မရွေး လုပ်လို့ရတဲ့ workout တွေဖြစ်ပါတယ်။

Lying Dumbbell Chest Fly

အလေးတုံးနှစ်ခုကိုကိုင်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ 10 ကြိမ်၊ 15 ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။

Overhead Triceps Extension

အလေးတုံးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဒါလည်း 10 ကြိမ်၊ 15 ကြိမ်လောက်လုပ်ပေးရမှာပါ။

Pushup

Pushup လုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ကို တစ်ဖြောင့်ထဲထားပြီး လုပ်ပေးပါ။ 15 ကြိမ် အနည်းဆုံး လုပ်ပေးရပါမယ်။

Dumbbell Pullover

ခြေထောက်ကို 90 ဒီဂရီမြှောက်ထားပြီး လက်နှစ်ဖက်ကိုပဲ အလေးတုံးကိုင်ပြီး လှုပ်ရှားပေးပါ။ ဒါလည်း အနည်းဆုံး 15 ကြိမ် လုပ်ရမှာပါပဲ။

Single-Arm Deadbug Press

ခြေထောက်ကို 90 ဒီဂရီမြှောက်ထားပြီး လက်တစ်ဖက်ကိုလည်း မြှောက်ထားပါ။ နောက်လက်တစ်ဖက်က အလေးကိုင်ပြီး မြှောက်လိုက်၊ အောက်ပြန်ချပြီးကွေးလိုက်နဲ့ လုပ်ပေးရမှာပါ။ လက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 15 ကြိမ်စီ လုပ်ပေးပါ။

Triceps Dip

အနောက်မှာခုံထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလုပ်ပေးပါ။ အနည်းဆုံး 15 ကြိမ် လုပ်ပေးရပါမယ်။