သွေးတိုးခြင်းကို ထိန်းနိုင်ဖို့အတွက် လုပ်ရတာလည်း ပေါ့ပါးမှုရှိစေမယ့် Exercise 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။ 6 မျိုးလုံးလုပ်စရာ မလိုပါဘူး။ အနည်းဆုံး 2 မျိုး၊ 3 မျိုးလောက် လုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။

Aerobics

Aerobics ဆော့ပေးခြင်းက သွေးတိုးခြင်းကို ထိန်းညှိပေးပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ တစ်နေ့ကို မိနစ် 20, 30 လောက် ဆော့ပေးရင် ရပါပြီ။ စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး တက်ကြွမှုလည်း ရရှိစေပါတယ်။

လမ်းလျှောက်ခြင်း

အမြန်လမ်းလျှောက်တဲ့ Exercise လုပ်ပေးခြင်းကလည်း သွေးတိုးခြင်းကို လျှော့ချနိုင်မယ့် အလွယ်ကူဆုံး Exercise ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး 15 မိနစ်လောက်၊ ခြေလှမ်းပေါင်း 100 လောက်လျှောက်ပေးပါ။ လမ်းလျှောက်တဲ့အခါ ခါးကိုမတ်မတ်ထားပါ။ မနက်စောစောလျှောက်ပေးတာ့ အကောင်းဆုံးပါပဲ။

ယောဂကျင့်ခြင်း

ယောဂကျင့်ပေးခြင်းက သွေးတိုးခြင်းကို ထိန်းချုပ်ပေးပြီး ညောင်းညာကိုက်ခဲတာတွေ သက်သာစေတယ်၊ စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ နေ့တိုင်းလုပ်ပေးသင့်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

ရေကူးခြင်း

ရေကူးတတ်တဲ့သူဆိုရင် ရေကူးပေးရုံနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ နှလုံးအားကောင်းစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေတယ်၊ အရိုးအဆစ်တွေ သန်မာစေပါတယ်။ အနည်းဆုံး တစ်ပတ် 3 ကြိမ်၊ တစ်ခါကူးရင် မိနစ် 30 ခန့် ကူးပေးနိုင်ပါတယ်။

စက်ဘီးစီးခြင်း

Exercise တစ်ခုအဖြစ်နဲ့ စက်ဘီးစီးတာလည်း ရပါတယ်။ စက်ဘီးစီးတာက သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပြီး ခြေထောက်ကြွက်သားတွေ အားကောင်းစေတယ်၊ နှလုံးခုန်းနှုန်းကိုမြှင့်တင်ပေးပြီး ခံနိုင်ရည်နဲ့ ခွန်အားကို တိုးစေပါတယ်။

ပြေးစက်နဲ့ပြေးခြင်း

အပြင်ထွက်လမ်းမလျှောက်ချင်တဲ့သူဆိုရင် ပြေးစက်နဲ့ပြေးတာမျိုးလည်း ရပါတယ်။ နှလုံးကျန်းမာရေးအတွက်ကောင်းပြီး သွေးတိုးတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် 30၊ တစ်ပတ် 5 ရက် ပြေးစက်နဲ့ပြေးတာမျိုး လုပ်ပေးနိုင်ပါတယ်။