စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိုက်ခဲမှုနဲ့နာကျင်မှုတွေကို သက်သာသွားစေမယ့် လေ့ကျင့်ခန်း ၆ ခုကို မျှဝေပေးလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကို ခန္ဓာကိုယ် တစ်နေရာရာက ကိုက်ခဲနာကျင်နေရင် ဒီလေ့ကျင့်ခန်းတွေကို လုပ်ကြည့်လိုက်ပါ။

လေ့ကျင့်ခန်း ၁

ပုံမှာလုပ်ပြထားတဲ့ အနေအထားနှစ်မျိုးကို လုပ်ပေးရမှာပါ။ အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးပါ။ တစ်နေကုန် နာရီပေါင်းများစွာ ထိုင်နေလို့ ညောင်းညာတာတွေ၊ ခါးနာတာ၊ ခြေထောက် နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။

လေ့ကျင့်ခန်း ၂

ဒုတိယလေ့ကျင့်ခန်းကတော့ ပုံမှာလုပ်ပြထားတဲ့ အနေအထား ၄ မျိုးကို လုပ်ရမှာပါ။ ၄ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း ၁၀ ကြိမ်လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၃

ဒီလေ့ကျင့်ခန်းကတော့ Exercise Ball ကိုသုံးပြီးတော့ ပုံမှာလုပ်ပြထားတဲ့ အနေအထား ၈ မျိုးကို လုပ်ပေးရမှာပါ။ ၈ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး ၁၀ ကြိမ်ရအောင်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

ခန္ဓာကိုယ်ကို မတ်မတ်မနေပဲ ပုံမှာလုပ်ပြထားသလိုနေပြီး အလေးကိုအသုံးပြုကာ လက်ကိုကွေးလိုက်၊ ပြန်ဆန့်လိုက် လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ပခုံးနဲ့ လက်မောင်း နာကျင်ကိုက်ခဲတာတွေ သက်သာစေပါတယ်။ ၁၀ ကြိမ်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၅

ဒီလေ့ကျင့်ခန်းကတော့ ဒိုက်ထိုးသလိုမျိုးပါ။ ခြေထောက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း စုပြီးလုပ်ပေးပါ။ ဒါလည်း ၁၀ ကြိမ်ပါပဲ။

လေ့ကျင့်ခန်း ၆

လက်နှစ်ဖက်ကို ရှေ့ဆန့်ထားပြီး ထိုင်လိုက်၊ ထလိုက်နဲ့ Squat ထိုင်ပေးရမှာ ဖြစ်ပါတယ်။ ဒါလည်း အနည်းဆုံး ၁၀ ကြိမ်ရအောင် လုပ်ပေးပါ။