လက်မောင်းနောက်မှာ အဆီပိုထွက်တာက ဝလေထွက်လေပါပဲ။ ဒီတိုင်းဆို သိပ်မသိသာပေမယ့် Bra ဝတ်တဲ့အခါ အနောက်မှာ ထွက်နေတာ သိသာပါတယ်။ Body Fit တွေဝတ်ရင်လည်း အဆီတွေထွက်နေတာကို မြင်ရလေ့ရှိပါတယ်။ ဒါကြောင့် လက်မောင်းနောက်က အဆီပိုတွေ လျော့ကျသွားစေမယ့် လေ့ကျင့်ခန်း ၆ ခုကို မျှဝေပေးလိုက်ပါတယ်။ Gym မသွားချင်တဲ့သူတွေဆိုလည်း အိမ်မှာ Weight တုံးရှိရင် လုပ်လို့ရပါတယ်။

လေ့ကျင့်ခန်း ၁

ကြိုးခုန်ပါ။ လက်နဲ့လွှဲပြီး ခုန်ရတာဖြစ်လို့ အဆီပိုတွေလျော့ကျသွားစေပါတယ်။ အနည်းဆုံး ၂ မိနစ်တော့ ခုန်ပေးပါ။ အဲ့ထက်ပိုလုပ်ချင်လည်း ရပါတယ်။

လေ့ကျင့်ခန်း ၂

Weight တုံး ၂ တုံးကိုကိုင်ပြီး ပုံမှာပြထားတဲ့ ပထမပုံထဲကလို အနေအထားနဲ့ အရင်နေပေးပါ။ ပြီးရင် ညာဘက်လှည့်၊ ညာလက်ကိုဆန့်၊ ပြီးရင် ဘယ်ဘက်လှည့်၊ ဘယ်လက်ကိုဆန့်ပေးရမှာပါ။ ၁ မိနစ် ဆက်တိုက်လုပ်ပြီး စက္ကန့် ၂၀ နား၊ ပြီးရင် အဲ့အတိုင်း ထပ်လုပ်ပေးပါ။ ၁ မိနစ် ၃ ကြိမ် လုပ်ပေးရင် ရပါပြီ။

လေ့ကျင့်ခန်း ၃

Chest Press လုပ်ပေးရမှာပါ။ လက်မောင်းနောက်က အဆီပိုတွေ လျော့ကျစေမယ့်အပြင် ဂျိုင်းအဆီတွေလည်း လျော့ကျသွားစေပါတယ်။ ၄၅ စက္ကန့်လောက် ဆက်တိုက်လုပ်ပြီး မိနစ် ၃၀ နားပါ။ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ်လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၄

Weight တုံးကိုကိုင်ပြီး လက်နှစ်ဖက်ကို အောက်ဆန့်ထားလိုက်၊ အပေါ်ဆွဲတင်လိုက်နဲ့ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၆၀ လုပ်ပေးပါ။ ပြီးရင် စက ္ကန့် ၃၀ နား ပြီးရင် ထပ်လုပ်ပါ။ သူ့ကိုလည်း ၃ ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

ဒိုက်ထိုးသလိုမျိုးပါပဲ။ ဖြေးဖြေးချင်းစီ လက်ထောက်လိုက်၊ ရင်ဘတ်ကို ကြမ်းပြင်နားကပ်အောင် လုပ်လိုက်နဲ့ ဆက်တိုက် ၄၅ စက္ကန့် လုပ်ပေးပါ။ ပြီးရင် စက္ကန့် ၃၀ နား၊ ပြီးရင် နောက်ထပ်လုပ်ပေးပါ။ ဒါလည်း စုစုပေါင်း ၃ ကြိမ်ပါပဲ။

လေ့ကျင့်ခန်း ၆

ပထမပုံထဲကလို Pank ထောက်တဲ့ အနေအထားနဲ့ စပြီးနေပေးပါ။ ပြီးရင် ဒုတိယပုံထဲကလို ညာလှည့်၊ ညာလက်ဆန့်၊ တတိယပုံထဲကလို ဘယ်လှည့်၊ ဘယ်လက်ဆန့်ပေးပါ။ အဲ့အတိုင်း အနေအထား ၃ မျိုးကို တစ်လှည့်စီ ဆက်တိုက် ၄၅ စက္ကန့်ပြည့်အောင် လုပ်ပေးပါ။ ထုံးစံအတိုင်း အချိန်ပြည့်ရင် စက္ကန့် ၃၀ နားပြီး နောက်ထပ် ၂ ကြိမ် ထပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။