ခါးဘေးမှာ အဆီပိုတွေ လျှံထွက်နေတာကို Muffin Top လို့ ခေါ်ပါတယ်။ ဘောင်းဘီဝတ်တဲ့အခါ၊ ကိုယ်ကြပ်တွေ ဝတ်တဲ့အခါမှာ သိသိသာသာကို ထွက်စေပါတယ်။ ဒါကြောင့် Muffin Top လို့ခေါ်တဲ့ ခါးဘေးကအဆီပိုတွေ ပျောက်စေမယ့် အိမ်မှာအလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၆ ခုကို မျှဝေပေးလိုက်ပါတယ်။

Candlestick Dipper

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်နဲ့လက်ကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးပါ။

Hip Dips

လက်တစ်ဖက်ကို ပုံထဲကလိုထောက်ထားပြီး ခါးထောက်ထားပါ။ ခြေထောက်ကိုဆန့်ထားလိုက်၊ အောက်ကိုချလိုက်နဲ့ ပုံမှာလုပ်ပြထားသလို ဆက်တိုက်လုပ်ပေးပါ။ ဘယ် ၁၅ ကြိမ်လုပ်ပြီးရင် ညာဘက်ပြောင်းလှည့်ပြီး ညာ ၁၅ ကြိမ် ထပ်လုပ်ပါ။

Butt Lift/Heat Wave

ပုံမှာလုပ်ပြထားတဲ့အနေအထားအတိုင်းလုပ်လိုက်၊ Body ကို ကြမ်းနဲ့ပြန်ထိလိုက်နဲ့ ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးပါ။

Hip Twists

Plank ထောက်သလိုနေပြီး ခါးကိုဘယ်ဘက်လိမ်လိုက်၊ အတည့်ပြန်နေလိုက်၊ ညာဘက်လိမ်လိုက်၊ အတည့်ပြန်နေလိုက်နဲ့ လုပ်ပေးရမှာပါ။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးပါ။

Bicycle Crunches

ဒီလေ့ကျင့်ခန်းကိုလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရင် ရပါပြီ။

Russian Twist

လက်အနေအထားနဲ့ ခြေထောက်နဲ့ကို ပုံမှာလုပ်ပြထားတဲ့အတိုင်းထားပြီး ခါးကိုဘယ်လှည့်၊ ညာလှည့် လုပ်ပေးရမှာပါ။ တစ်ဖက်ကို အနည်းဆုံး ၁၅ ကြိမ်စီ လုပ်ပေးပါ။ ပိုလုပ်ချင်လည်း ရပါတယ်။