ပေါင်အတွင်းသားအဆီတွေရှိလို့၊ ပေါင်တုတ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ၇ ရက်အတွင်းမှာ အရင်ထက် ပေါင်တံပိုသွယ်လာစေမယ့် လေ့ကျင့်ခန်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ၇ ရက်အတွင်း သိသာစေဖို့ဆိုတာကတော့ တော်တော်ကြိုးစားမှရမှာပါ။ အကြိမ်ရေများများနဲ့ မှန်မှန် လုပ်ပေးရမှာပါ။ တစ်ရက်မှပျက်ကွက်လို့ မဖြစ်ပါဘူး။

ပထမပုံမှာပြထားတဲ့အနေအထားအတိုင်း မတ်တပ်ရပ်ပါ။ လက်ကိုလည်း အဲ့အတိုင်းပဲထားပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို ဒူးကိုကွေးပြီးထိုင်ပါ။ ခါးကိုမတ်ထားပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အတိုင်းလှဲပြီး ခြေထောက်နှစ်ချောင်းကို ဆန့်ပြီး စုထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို မြှောက်ပါ။ ပြီးရင်ပြန်ချပါ။ အဲ့အတိုင်း ဘယ်ခြေထောက် အကြိမ် ၃၀၊ ညာခြေထောက် အကြိမ် ၃၀ လုပ်ပေးရပါမယ်။ လက်ကိုလည်း ပုံမှာပြထားတဲ့အတိုင်းပဲ ထားပေးပါ။

ယောဂဖျာပေါ်မှာလှဲပြီး ခြေထောက်နှစ်ချောင်းကို ပထမပုံထဲကအတိုင်း စုပြီးမြှောက်ထားပါ။ ပြီးရင် ခြေထောက်ကို ကားနိုင်သလောက် ဒုတိယပုံထဲကလို ကားပေးပါ။ ပြီးရင် ပြန်စုပါ။ ပြန်လုပ်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ပထမပုံမှာပြထားတဲ့အတိုင်းလှဲပြီး လက်နှစ်ဖက်က ကပ်ထားပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို တင်နဲ့ခါးကို အပေါ်ကော့လိုက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်းပဲ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ယောဂဖျာပေါ်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကို ပထမပုံထဲကအတိုင်း မြှောက်ပြီး ခြေဖဝါးနှစ်ဖက်ကို ယှက်ထားပါ။ ပြီးရင် ခြေဖဝါးနှစ်ဖက်ကို ယှက်ထားတဲ့အတိုင်းပဲ ဒုတိယပုံထဲကလို ကွေးချလိုက်ပါ။ ပြီးရင် ပြန်ဆန့်ထုတ်ပြီး ပထမပုံထဲကလို ခြေထောက်ကို အပေါ်ပြန်မြှောက်ပါ။ အဲ့အတိုင်းပဲ အကြိမ် ၃၀ လုပ်ရပါမယ်။

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ယောဂဖျာပေါ်မှာလှဲပြီး အရင်ဆုံး ခြေထောက်နှစ်ဖက်ကို မြှောက်ထားပါ။ ပြီးရင် ဘယ်ဘက်ခြေထောက်ကို ကွေးပြီး အပေါ်ပြန်ဆန့်ပါ။ ပြီးရင် ညာဘက်ခြေထောက်ကိုကွေးပြီး အပေါ်ပြန်ဆန့်ပါ။ အဲ့အတိုင်း ဘယ်၊ ညာ တစ်လှည့်စီလုပ်ရပါမယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်က ၃၀ ပါပဲ။

source:www. aprilhan