တော်တော်များများကတော့ ဝလာမှသာ မေးစိနှစ်ထပ်ဖြစ်လာတာပါ။ ဒါပေမယ့် တချို့ကျတော့လည်း လူသာပိန်တာ မေးစိနှစ်ထပ်ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ ဒီလို မေးစိနှစ်ထပ်ဖြစ်နေတာမျိုးကို မကြိုက်တဲ့သူတွေအတွက် မေးစိနှစ်ထပ်ဖြစ်တာ ပျောက်သွားစေမယ့် လေ့ကျင့်ခန်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Do- E

မေးစိနှစ်ထပ်ဖြစ်တာ လျှော့ကျစေဖို့ အရိုးရှင်းဆုံးသာ လေ့ကျင့်ခန်းကတော့ E လို့ ပါးစပ်ငပြောတာမျိုးပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်ရဲ့နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းကို target ထားပြီး လုပ်ရမှာဖြစ်ပါတယ်။ အကြိမ် ၂၀ လောက် နေ့တိုင်းသာ လုပ်ပေးပါ။

ပြုံးပါ

ပါးစပ်က နားရွက်တက်ချိတ်တော့မယ်ဆိုပြီး ပြောကြသလိုမျိုးသာ ပြုံးပါ။ ဒီလိုပြုံးလိုက်၊ ပြန်တည်လိုက်၊ ပြန်ပြုံးလိုက်နဲ့ လုပ်ပေးတာကလည်း မေးစိနှစ်ထပ်ဖြစ်တာ လျော့ကျစေဖို့အတွက် ရိုးရှင်းသော လေ့ကျင့်ခန်းတစ်ခုပါပဲ။
ပါးစပ်လေ့ကျင့်ခန်း
ပုံမှာပြထားတဲ့အတိုင်း နှုတ်ခမ်းကိုဆူပြီး ဘယ်စောင်းလိုက်၊ အတည့်ပြန်နေလိုက်၊ ညာစောင်းလိုက်နဲ့ ဆက်တိုက်လုပ်ပေးပါ။ အနည်းဆုံး ၁၀ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။

မျက်ခုံးပင့်လေ့ကျင့်ခန်း

ပုံမှာပြထားတဲ့ ၃ ဆင့်အတိုင်း တစ်ဆင့်ချင်းစီ လက်နဲ့ မျက်ခုံးကိုပင့်တင်တဲ့ လေ့ကျင့်ခန်းလုပ်ရမှာ ဖြစ်ပါတယ်။ ဒါလည်း ၃ ဆင့်လုံးပြည့်မှ ၁ ကြိမ်လို့သတ်မှတ်ပြီး အနည်းဆုံး ၁၀ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။

မေးစိလေ့ကျင့်ခန်း

မျက်နှာကိုအပေါ်မော့ပြီး နှုတ်ခမ်းဆူလိုက်၊ ပြန်စိလိုက်နဲ့ ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးရင်ရပါပြီ။

မျက်နှာပင့်တင်တဲ့လေ့ကျင့်ခန်း

ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းလေးတွေနဲ့ facial massage လုပ်သလို မျက်နှာအသားအရေကို ပင့်တင်ပြီး လေ့ကျင့်ခန်းလုပ်ရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၁၀ စက္ကန့်လောက်လုပ်ပေးရင် ရပါပြီ။