အားလုံးပဲ မင်္ဂလာပါ။ မေးနှစ်ထပ်ဖြစ်နေတာက ကိုယ့်မျက်နှာအချိုးအစားကို အနှောင့််အယှက်ပေးပါတယ်။ နဂိုတည်းက ချစ်ဖို့ကောင်းတဲ့ မျက်နှာပိုင်ရှင်လေးတွေက မေးနှစ်ထပ်ဖြစ်နေတယ်ဆိုရင် ဒီအရာကြီးကို မုန်းမိမှာပါ။ ဒါကြောင့် ရက် ၃၀ အတွင်း မုန်းစရာကောင်းတဲ့ မေးနှစ်ထပ်ကို V Shape ဖြစ်အောင် ဒီလေ့ကျင့်ခန်းတွေနဲ့ ချလိုက်တော့နော်။

၁။ O-E

အို ဆိုပြီး အသံထွက်တဲ့ပုံစံလုပ်ပါ။ ပြီးရင် အီး ဆိုတဲ့ အသံထွက်အောင် လုပ်ပါ။ ဒါကို စက္ကန့် ၂၀ လောက်လုပ်ပေးပါ။

၂။ မျက်ခုံးအပေါ် ပင့်တင်ပါ

လက်နှစ်ဘက်လုံး လက်နှစ်ချောင်းထောင်တဲ့ပုံစံထားပြီး မျက်ခုံး အစနဲ့ အဆုံးမှာ တင်ပေးပါ။ ပြီးတာနဲ့ မျက်ခုံးပင့်တင်ပါ။ ဒီလိုပင့်တင်တာကို ၁၀ ခါလုပ်ပါ။ ၁၀ ခါကို သုံးကြိမ်ပြုလုပ်နိုင်ပါတယ်။ ခဏနားပြီး နောက်ထပ် သုံးကြော့ထပ်လုပ်ပေးနိုင်ပါတယ်။

၃။ မျက်နှာကို ပင့်တင်တာ

ပုံထဲက အတိုင်း လက်တစ်ချောင်းစီကို ပါးဇောင်ပေါ် တင်ပေးပါ။ ပါးစပ်ဖွင့်ထားပါ။ ပြီးတာနဲ့ အပေါ်ကို လက်နဲ့ ပင့်တင်ပေးပါ။ လက်နဲ့ ပင့်တင်တာကို အပေါ်ရောက်တဲ့အချျိန် ၁၀ စက္ကန့်လောက်ထားပေးပါ။ ဒီလိုပင့်တင်တာကို ၁၀ ကြိမ်ပြုလုပ်ပေးပါ။

၄။ ပြုံးပါ

အပြည့်ပြုံးတဲ့ ပုံစံမျိုးဖြစ်အောင် ပါးစပ်ကို ဖြေးဖြေးချင်း ဖြဲသွားပါ။ အမြန်လုပ်စရာမလိုပါဘူး။ ကိုယ်ပြုံးနိုင်တဲ့အတိုင်းအတာအထိ ရောက်အောင် ပြုံးပါ။ ဒါကိုလည်း ဆယ်ကြိမ်ပြုလုပ်ပေးပါ။

၅။ ပါးစပ်လေ့ကျင့်ခန်း

နှုတ်ခမ်းဆူတဲ့ ပုံစံလုပ်လိုက်ပါ။ ဆူလျက် အနေအထားနဲ့ ဘယ်ဘက်ကို သွားပေးပါ။ ပြီးတာနဲ့ နဂို အလယ်ကို ပြန်လာပါ။ ညာဘက်ကိုလည်း ဒီလိုလုပ်ပေးပါ။ ဒါကို ၁၀ ကြိမ်ပြုလုပ်ပေးပါ။

၆။ မေးနှစ်ထပ်

အောက်ဘက်မေးရိုးကို ပုံထဲကအတိုင်း ရှေ့ကို သွားနိုင်တဲ့အထိ သွားပေးပါ။ မေးစေ့ကို အပေါ် ပင့်တင်ပေးပါ။ ဒါကို ဆယ်ကြိမ်ပြုလုပ်ပေးပါ။

Source: timesofindia.indiatimes.com

By MyStyle Myanmar