ဓမ္မတာလာစဉ်မှာ အမြဲနာကျင်ကိုက်ခဲတတ်ရင် ဆေးတွေချည်းပဲ သောက်နေမယ့်အစား လေ့ကျင့်ခန်းလည်း လုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ပေးတာကလည်း သိသိသာသာကို သက်သာစေပါတယ်။ ဒါကြောင့် အမျိုးသမီးများ ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲတာတွေကိုတောင် မေ့ပျောက်သွားစေနိုင်တဲ့ လေ့ကျင့်ခန်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ပုံမှာလုပ်ပြထားသလိုလုပ်လိုက်၊ Body ကို ကြမ်းနဲ့ပြန်ထိလိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။ ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

လေ့ကျင့်ခန်း ၂

လမ်းလျှောက်ပေးခြင်းကလည်း ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေတဲ့ အလွယ်ကူဆုံး လေ့ကျင့်ခန်းပါပဲ။

လေ့ကျင့်ခန်း ၃

ပုံမှာလုပ်ပြထားသလို ခြေထောက်တစ်ဖက်ကို ဆန့်ထားပါ။ နောက်ခြေထောက်တစ်ဖက်ကိုတော့ လက်နဲ့ဖိပြီး ခြေထောက်နဲ့ ရင်ဘတ်နဲ့ ထိနေအောင် ကွေးထားပါ။ အဲ့အတိုင်း ၁ မိနစ်နေပြီးရင် ပြန်ချပြီး နောက်တစ်ဖက်ကို ပြောင်းလုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

ယောဂကျင့်ပေးခြင်းကလည်း ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ပြင်းထန်တဲ့ ယောဂတွေမလုပ်ပဲ လွယ်ကူတာလေးတွေကိုပဲ ပေါ့ပေါ့ပါးပါး လုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

အကြောဆန့်တဲ့ ဒီလေ့ကျင့်ခန်းကလည်း လုပ်ရတာ အရမ်းလွယ်ကူပါတယ်။ ပုံမှာလုပ်ပြထားတဲ့ အနေအထားအတိုင်းလုပ်ပြီး ၃ မိနစ်နေပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ခေါင်းကိုက်တာနဲ့ Moos Swings ဖြစ်တာကို သက်သာစေပါတယ်။

လေ့ကျင့်ခန်း ၆

နည်းနည်းပေါ့တဲ့ အလေးတုံးကိုမပြီး လေ့ကျင့်ခန်းလုပ်ပေးတာကလည်း ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဒါပေမယ့် လာနေစဉ်မှာမလုပ်ပဲ လာခါနီးရက်တွေမှာ လုပ်ပေးပါ။