Body လှချင်ပေမယ့် workout လုပ်ရမှာပျင်းနေတဲ့သူတွေအတွက် အိပ်ယာထဲမှာတောင် အလွယ်တကူလုပ်လို့ရမယ့် လေ့ကျင့်ခန်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Push-up

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ကုတင်ပေါ်တင်ပြီး ဒိုက်ထိုးသလို လုပ်ပေးပါ။ ၁၅ ကြိမ်လုပ်ပေးရင်ရပါပြီ။

Leg stretch

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို ကုတင်ပေါ်တင်ပြီး နောက်တစ်ဖက်က ဆန့်ပြီး ယှက်သလိုပုံစံမျိုး လုပ်ထားပါ။ ပြီးမှ ဆန့်ထားတဲ့ခြေထောက်ကို ဘေးကားချလိုက်ပါ။ အဲ့အတိုင်း ၁၂ ကြိမ်လုပ်ပေးပြီး အကြိမ်ရေပြည့်ရင် ဘယ်ညာပြောင်းပြီး နောက်ထပ် ၁၂ ကြိမ် ထပ်လုပ်ပေးပါ။

Diagonal leg and body stretch

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုချိတ်ပြီး ကုတင်ပေါ်တင်ထားပါ။ ပြီးမှ တင်ကို အပေါ်ကော့လိုက်၊ ပြန်ချလိုက်နဲ့ ၁၅ ကြိမ်လုပ်ပေးရပါမယ်။

Kicking

ပုံမှာပြထားတဲ့အတိုင်း ကုတင်ပေါ်မှာဒူးထောက်ပြီး လက်နှစ်ဖက်က အောက်ကြမ်းမှာထောက်ထားပါ။ ပြီးရင်တော့ ခြေထောက်တစ်ဖက်ကို အပေါ်ကိုကန်သလို မြှောက်လိုက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း ဘယ်ခြေထောက်မြှောက် ၁၂ ကြိမ်၊ ညာခြေထောက်မြှောက် ၁၂ ကြိမ် လုပ်ပေးပါ။

Sit-up

ခြေထောက်တစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ကုတင်ပေါ်တင်ပြီး နောက်တစ်ဖက်က မြှောက်ထားပါ။ မြှောက်ထားတဲ့ခြေထောက်ကို လက်နဲ့ကိုင်ပြီး ဒုတိယပုံထဲကလို ခေါင်းက အရှေ့ကိုကုန်းထတဲ့ပုံစံလုပ်ပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၂ ကြိမ်စီ လုပ်ပေးရုံပါပဲ။

Stretching

ခါးအောက်ပိုင်းကို ကုတင်ပေါ်ထားပြီး ခါးအပေါ်ပိုင်းက ကြမ်းမှာထားပါ။ ပြီးရင် ပထမပုံထဲကလို လက်ထောက်ထားပြီး ဒုတိယပုံထဲကလို လက်ကိုချပြီး အောက်လျှောလိုက်ပါ။ အဲ့အတိုင်း ၁၂ ကြိမ်လုပ်ပေးရင်ရပါပြီ။