ဒီကနေ့ခေတ်မှာ ရုံးထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေများမယ်ထင်တယ်နော်။

ကုလားထိုင်တစ်လုံးရှိရုံနဲ့ ပြုလုပ်ပေးလို့ရတဲ့ ဗိုက်ချပ်လေ့ကျင့်ခန်းတွေ

အထိုင်များတဲ့အလုပ်ဟာ ခါးမှာအဆီစုပြီး ပိုက်ပူလာစေပါတယ်။ အခုလို ဗိုက်နဲ့ ခါးမှာ အဆီစုလာမယ့် ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကုလားထိုင်တစ်လုံးရှိရုံနဲ့ အိန္ဒြေမပျက်လုပ်လို့ရတဲ့ လေ့ကျင့်ခန်းကို မျှဝေပေးသွားမယ်နော်

၁။ အရင်ဆုံးထိုင်ခုံမှာပဲထိုင်နေပါ။ ခါးကိုမတ်မတ်ထားပါ။ ထိုင်ခုံနောက်မှီကို မမှီထားပါနဲ့။ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်မှာ နည်းနည်းခြားပြီး ချထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ရင်ဘတ်နားထိမတင်လိုက်ပြီး လက်တစ်ဖက်နဲ့ ထိန်းထားပါ။ အဲဒီအချိန်မှာ ဗိုက်ကို ချပ်ထားရပါမယ်။ ပြီးရင် ပြန်ချပြီး နောက်တစ်ဖက်ပြောင်းပါ။ တစ်ဖကို အကြိမ် ၂၀ – ၃၀ ထိလုပ်ပေးပါ။

၂။ စောစောကလိုပဲ ထိုင်နေပေးထားပါ။ လက်နှစ်ဖက်ကို ထိုင်ခုံလက်ရန်းမှာကိုင်ထားပေးလိုက်ပြီး ဒူးနှစ်ဖက်ကို တင်လိုက်ချလိုက်လုပ်ပါ။ ချတဲ့အခါ ကြမ်းပြင်မထိပါစေနဲ့။ အကြိမ် ၂၀ ထိလုပ်ပေးပါ။

၃။ စောစောကလိုပဲ ခါးမတ်မတ်ထိုင်ပြီး လက်နှစ်ဖက်ကို လက်ရန်းမှာကိုင်ထားမယ်။ ပြီးရင် ခြေထောက်နှစ်ဖက်ကို ဒူးကွေးပြီးမတင်လိုက်ပါ။ ခါးကို တစ်ဖက်စောင်းပြီးမလိုက်၊ ချလိုက်။ လုပ်ပေးပါ။ တစ်ဖက်ဆီကို အကြိမ် ၂၀ လုပ်ပေးပါ။

၄။ ထိုင်ခုံမှာ မတ်မတ်ထိုင်ပြီး ခြေထောက်နှစ်ဖက်ကို ကျယ်ကျယ်ကားကာ ကြမ်းပြင်မှာချထားပါ။ လက်တစ်ဖက်ကို နောက်ပစ်ပြီး ကျန်တစ်ဖက်ကို ဆန့်ကျင်ဖက် ခြေထောက်နဲ့ ထိပေးပါ။ တစ်ဖက်ဆီကို အကြိမ် ၃၀ ဆီလုပ်ပေးပါ။

၅။ ထိုင်ခုံလက်ရန်းကို အားပြုကိုင်ထားပြီး ဒူးကိုမတင်ကာ ခန္ဓာကိုယ်ကို အပေါ် ကြွပေးရမှာပါ။ အဲဒီအတိုင်း ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ ထိနေပါ။ ပြီးရင် ပြန်ထိုင်ပြီး ထပ်လုပ်ပါ။ ၄ ကြိမ်လုပ်ပေးရပါမယ်။

၆။ မတ်မတ်ထိုင်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားပါ။ ဒူးတစ်ဖက်ကို မတင်ပြီး ဆန့်ကျင်ဘက် တဒေါင်နဲ့ ထိပေးပါ။ တစ်ဖက်ဆီကို ၁၅ ကြိမ် လုပ်ပေးရမှာဖြစ်ပါတယ်။

Source: BrightSide

Featured Image Source: David Wolfe