အလုပ်အင်တာဗျူးသွားဖြေတဲ့အခါ မိတ်ကပ်မပြင်ပဲ ဒီတိုင်းသွားတော့လည်း သိပ်အဆင်မပြေသလို မိတ်ကပ်တွေ over ဖြစ်အောင် လိမ်းမိသွားရင်လည်း အဆင်မပြေပြန်ပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်း ပေါ့ပေါးပါးပါး look လေးနဲ့ လှပနေအောင် အလုပ်အင်တာဗျူးအတွက် မိတ်ကပ်ပြင်တဲ့အခါမှာ အဓိကလိုအပ်တဲ့အချက် ၆ ချက်ကို ပြောပြပေးလိုက်ပါတယ်။

Skincare သေချာလိမ်းပါ

အောက်ခံ skin မကောင်းရင် မိတ်ကပ်ပြင်ရင် မလှပါဘူး။ Cakey ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အသားအရေစိုပြည်ပြီး လှပနေအောင် မိတ်ကပ်လိမ်းတဲ့အခါမှာလည်း သိပ်သိပ်ညက်ညက်လေးဖြစ်နေအောင် skincare သေချာလိမ်းပါမယ်။

Foundation အထူကြီးမလိမ်းပါနဲ့

Foundation အထူကြီးလိမ်းမိရင် over ဖြစ်ပြီး မလှတဲ့အတွက် foundation ကို ပါးပါးလေးပဲလိမ်းပြီး powder ပုတ်လိုက်ပါ။ ဒါဆိုရင် ရပါပြီ။ မျက်ကွင်းညိုတဲ့သူဆိုရင်တော့ concealer သုံးပေးပါ။

မျက်ခုံးမွှေးဆွဲပါ

မျက်နှာမှာ အဓိကက မျက်ခုံးမွှေးဖြစ်တဲ့အတွက် မျက်ခုံးမွှေးကို လှလှလေးဆွဲပါ။ အရမ်းထင်းပြီးအထူကြီးမဟုတ်ပဲ natural look လေးဆွဲရင်တော့ ပိုလှပါတယ်။ အင်တာဗျူးအခြေအနေနဲ့လည်း ပိုလိုက်ဖက်ပါတယ်။

Eye makeup look

Eye makeup look အတွက်ကျတော့ eyeshadow ကို everyday look အတွက် အဆင်ပြေတဲ့ အရောင်ငြိမ်တာလေးတွေပဲ ခြယ်ပေးပါ။ အများကြီးခြယ်စရာမလိုပါဘူး။ Glitter တွေ အများကြီးမခြယ်ပါနဲ့။ ပြီးရင် mascara နဲ့ မျက်တောင်သေချာကော့ပေးပါ။ အင်တာဗျူးအတွက် မိတ်ကပ်က ဒီလောက်ဆိုရင် လုံလောက်ပါပြီ။

ပါးနီကိုပါးပါးလေးပဲလိမ်းပါ

ပါးနီလိမ်းတဲ့အခါမှာ အရေးကြီးပါတယ်။ အများကြီးလိမ်းမိရင် ပါးကရဲပြီး လုံးဝအဆင်မပြေပါဘူး။ ပုံမှန်အပြင်သွားရင် လိမ်းနေကျအတိုင်း အရမ်းရဲနေအောင် လိမ်းလို့မဖြစ်ပါဘူး။ ပါးနီကို ပန်းရောင်လေးပဲဖြစ်ဖြစ် peach color လေးပဲဖြစ်ဖြစ် ပါးပါးလေးပဲ လိမ်းပါမယ်။

နှုတ်ခမ်းနီဆိုးပါ

နှုတ်ခမ်းနီကတော့ အရေးကြီးပါတယ်။ အရမ်းအရောင်နုတာတွေ မဆိုးပါနဲ့။ အညိုရောင်အရင့်တွေ မဆိုးပါနဲ့။ ပန်းစည်ရောင်၊ လိမ္မော်ညိုရောင်၊ အနီရောင် စတာတွေ ဆိုးလို့ရပါတယ်။ အရောင်တောက်တာလေးတွေဆိုးတော့ မျက်နှာလေးလင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ သွက်လက်ထက်မြတ်တဲ့ look မျိုး ရစေပါတယ်။