အပြစ်ကင်းစင်တဲ့ အသားအရေကို ရဖို့ ပစ္စည်းအများကြီး အဆင့်အများကြီး မလိုအပ်ပါဘူး။ ကိုယ့်အသားအရေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ကိုက်ညီတဲ့ Product ကို မှန်မှန်ကန်ကန်ရွေးချယ်ဖို့နဲ့ ပုံမှန်သုံးပေးဖို့က အရေးကြီးပါတယ်။

ဒါကတော့ တစ်နေ့တာ အသားအရေထိန်းသိမ်းမှုအတွက် ဘယ်လိုအသားအရေမျိုးအတွက်မဆို မရှိမဖြစ်လိုအပ်တဲ့ Product တွေပါ။

1. Cleansing Foam

ကျန်းမာတဲ့ အသားအရေကို လိုချင်ရင် မနက်ပိုင်းနဲ့ ညတိုင်း မျက်နှာသစ်တဲ့အကျင့်ကို လုပ်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် သစ်ပေးတာက မိတ်ကပ်နဲ့အဆီပိုတွေကို ဖယ်ရှားပေးရုံသာမက တစ်နေ့တာလုံး စုပုံနေတဲ့ ပတ်ဝန်းကျင်အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။

2. Toner

Daily Skincare Routine မှာ မရှိမဖြစ်လိုအပ်တာက Toner ပါ။ မျက်မှာသစ်ပြီး Toner ကို လိမ်းပေးတာက မျက်နှာကို ပိုသန့်စင်စေပြီး ချွေးပေါက်တွေကို ကျဥ်းစေကာ ချွေးပေါက်အရွယ်အစားကို လျှော့ချပေးပါတယ်။

3. Serum

Serum က အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ဖို့အတွက် Daily Skincare Routine မှာ အရေးကြီးတဲံအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီလို အစွမ်းထက်တဲ့ Serum ကို ပုံမှန်သုံးပေးရင် လေးပတ်အတွင်း တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။

4. Sheet Mask

မနက်၊ နေ့လည်ဖြစ်ဖြစ် ဒါမှမဟုတ် ညမှာဖြစ်ဖြစ် အားတဲ့အချိ်န် တစ်ပတ်တစ်ရက်တော့ Mask တပ်ပါ။ Sheet Mask တွေက အသားအရေကို ထိရောက်အောင် အာဟာရဖြည့်ပေးနိုင်ပါတယ်။

5. Moisturizer

ချန်ထားလို့မရတဲ့ နောက်ထပ်အရေးကြီးတာတစ်ခုက Moisturizer ပါ။ Moisturizer ကို နေ့ရောညပါ လိမ်းပေးရင် အသားအရေကို ရေဓာတ်ရစေပြီး အသားခြောက်တာကို ကာကွယ်ပေးနိုင်ပါတယ်။

6. Sun Protection

ကြိုတင်ကာကွယ်ခြင်းက ကုခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်း အိုမင်းရင့်ရော်မှုကို တားဆီးဖို့ အဓိကသော့ချက်ဖြစ်တဲ့ Sunscreen ကို မဖြစ်မနေသုံးပေးပါ။ Sunscreen သုံးတဲ့အခါ ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီမှုရှိဖို့ အရေးကြီးပါတယ်။