ဆံသားသန်စွမ်းကျန်းမာစေဖို့ အထောက်အကူပြုတဲ့ ယောဂကျင့်စဉ် ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင် ယောဂကျင့်ပေးကြည့်ပါ။ အရမ်းမပင်ပန်းပဲ လုပ်ရတာ အဆင်ပြေပါတယ်။ စိတ်လည်းတည်ငြိမ်စေပါတယ်။ ဒါကြောင့် ဆံပင်မသန်ဘူး၊ ဆံပင်အရှည်နှေးတယ်ဆိုရင် ဒီယောဂကျင့်စဉ် ၆ မျိုးကို နေ့တိုင်းလုပ်ကြည့်ပါ။

ယောဂကျင့်စဉ် ၁

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဒူးထောက်ပြီး အနောက်ကိုလန်ပေးပါ။ လက်ဖဝါးနှစ်ဖက်က ခြေဖဝါးကိုဖိထားနိုင်ရပါမယ်။ အဲ့အတိုင်း စက္ကန့်အနည်းငယ်နေပေးရုံပါပဲ။ ပုံမှန်လုပ်ပေးသွားရင် ဆံသားသန်စွမ်းစေပြီး ဆံပင်ပါးတာ၊ ဆံသားပျက်ထွက်တာတွေ သက်သာစေပါတယ်။

ယောဂကျင့်စဉ် ၂

ဒီယောဂကျင့်စဉ်ဆိုလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်က ရင်ဘတ်နဲ့ကပ်ထိနေရပါမယ်။ အဲ့အတိုင်းနေပြီး အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ကာ တစ်မိနစ်နေပေးရပါမယ်။

ယောဂကျင့်စဉ် ၃

ဒီယောဂကျင့်စဉ်ကတော့ အလွယ်ဆုံးပါပဲ။ ပုံမှာပြထားတဲ့အတိုင်း ထိုင်နေရုံပါပဲ။ ထိုင်တဲ့အခါမှာ ခါးကိုမတ်ထားရပါမယ်။ ဖနောင့်က တင်ပါးနဲ့ထိနေရပါမယ်။ အဲ့အတိုင်း တစ်မိနစ်ထိုင်ပြီး အသက်ကို ရှိုက်ရှူလိုက်၊ ဖြေးဖြေးချင်းစီ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးရုံပါပဲ။

ယောဂကျင့်စဉ် ၄

ဒူးထောက်ပြီး ခေါင်းက ကြမ်းကိုထောက်ထားရမှာပါ။ ပုံမှာလုပ်ပြထားသလို လက်နှစ်ဖက်ကလည်း ခြေဖဝါးကို လှမ်းကိုင်ထားနိုင်ရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ဦးရေပြားသွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံသားတောက်ပြောင် သန်စွမ်းစေဖို့ ကူညီပေးပါတယ်။

ယောဂကျင့်စဉ် ၅

ပုံမှာလုပ်ပြထားသလို တစ်ပုံစံထဲတူအောင်လုပ်ပေးပါ။ ခါး၊ ခြေထောက် အားလုံးကို ဆန့်ထုတ်ထားရပါမယ်။ လက်ကိုလည်း ပုံထဲကလိုပဲ တန်းနေအောင်ထောက်ထားပြီး ခေါင်းကို အပေါ်နည်းနည်းမော့ကာ အသက်ကို ရှိုက်ရှူလိုက်၊ ဖြေးဖြေးချင်းစီ ပြန်ထုတ်လိုက်နဲ့ တစ်မိနစ်လုပ်ပေးပါ။

ယောဂကျင့်စဉ် ၆

ဒီယောဂကျင့်စဉ်ကတော့ တရားထိုင်းသလိုပါပဲ။ မျက်စိမှိတ်ပြီး အသက်ကို ပုံမှန် ရှူသွင်းလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ ဒီယောဂကျင့်စဉ်ကတော့ အနည်းဆုံး မိနစ် ၂၀ ထိုင်လုပ်ပေးရပါမယ်။