မင်္ဂလာပါနော်။ ဆံပင်ကဖွာပြီး ရှုပ်ထွေးနေတတ်လို့ စိတ်ညစ်နေရသူတွေအတွက် ဆံပင်ဖွာတာ သက်သာစေမယ့် ထိရောက်တဲ့ထိန်းသိမ်းနည်းအချို့ကို ဖော်ပြပေးချင်ပါတယ်။ ဆံပင်ဖွာခြင်းက အစိုဓာတ်အားနည်းတာ၊ ခဏခဏကုတ်မိတာနဲ့ ရာသီဥတု ခြောက်သွေ့လွန်း၊ စိုစွတ်လွန်းတဲ့အချိန်တွေမှာ အဖြစ်များပါတယ်။ ဆံသားဖွာတာကို အချိန်တိုအတွင်း ထိန်းချုပ်ဖို့ခက်ပေမယ့် နည်းလမ်းမှန်မှန်နဲ့ သေချာထိန်းသိမ်းပေးရင်တော့ သိသာတဲ့ရလဒ်ကို ခံစားမိမှာပါ။ ဒီတော့ ဆံသားဖွာခြင်းကို အပြီးတိုင်ဖယ်ရှားနိုင်မယ့် ထိန်းသိမ်းနည်းတွေကို ကြည့်လိုက်ရအောင်-

ဆံပင်ပုံမှန် တိပေးရပါမယ်


ဆံပင်အဖျားနှစ်ခွဖြစ်တာတွေ၊ အရှည်မညီတဲ့နေရာတွေက ဆံသားဖွာခြင်းကို ပိုသိသာစေတာမို့ အဖျားလေးတွေ ပုံမှန်တိပေးတာ၊ ဆံပင်ပုံသွင်းပြီး ညှပ်ပေးတာမျိုး လုပ်ပေးဖို့လိုပါတယ်နော်။

ဆီလိမ်းပေးပါ


ဆီပုံမှန်လိမ်းတာကလည်း ဆံသားထဲ အစိုဓာတ်စိမ့်ဝင်စေပြီး ဖွာနေတာတွေ ကပ်သွားသလို မြင်ရစေပါတယ်။ ဆံပင်ဖွာတတ်သူတွေက အုန်းဆီ၊ သံလွင်ဆီနဲ့ ဗာဒံဆီတို့ကို ရွေးပြီး ပုံမှန်လိမ်းပေးပါ။

Conditioner ပုံမှန်သုံးပါ


ဆံပင်ပေါင်းဆေး Conditioner တွေမှာပါတဲ့ Cationic Polymer ဆိုတဲ့ဓာတ်က ဆံပင်ဖွာခြင်းကို လျော့ကျစေပြီး ဆံသားကို အိစင်းသွားစေပါတယ်နော်။ ဒါကြောင့်မိ့ု ဆံသားဖွာတာသက်သာဖို့အတွက် ခေါင်းလျှော်တဲ့အခါ Conditioner ကို ပုံမှန်သုံးပေးပါ။

ပရိုတင်းနဲ့ Omega 3 ဓာတ်မှီဝဲပါ


အသားဓာတ် ပရိုတင်းနဲ့ Omega 3 Fatty Acid တွေက ဆံသားမွှေးညှင်းပေါက်တွေကို အစိုဓာတ်စိမ့်ဝင်ပြီး အားဖြည့်ပေးနိုင်တာမို့ ဆံပင်ဖွာတာကိုပါ သက်သာစေပါတယ်။ ဆဲလ်မွန်ငါး လိုမျိုး Omega 3 ပါဝင်တဲ့ အစားအသောက်တွေက ဆံသားအတွက်အထောက်အကူဖြစ်မှာပါ။

ဆံသားအတွက် ရိုးရိုးရေနဲ့ အမွှေးနုပုဝါလေးတွေ သုံးပေးပါ


ပူတဲ့ ရေနဲ့ထိတွေ့တာက ဆံသားခြောက်ပြီး ပိုဖွာစေတာမို့ ခေါင်းလျှော်တဲ့အခါ ရိုးရိုးရေ (သို့) ရေအေးကိုသာ သုံးပေးဖို့ လိုပါတယ်။ ခေါင်းလျှော်ပြီး ရေသုတ်တဲ့အခါ ဆံသားအစိုဓာတ်တွေ မပါသွားအောင် ရေစုတ်အားကောင်းပြီး ဆံပင်လည်းမထိတဲ့ အမွှေးနုပုဝါလေးတွေသုံးပေးရင် အကောင်းဆုံးပါပဲ။

သဘာ၀ Hair Mask နဲ့ အစိုဓာတ်ပါတဲ့ ခေါင်းလျှော်ရည်တွေ သုံးပါ


ဆံသားအရမ်းခြောက်လွန်းရင် ဖွာတာပိုသိသာပါတယ်။ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ပေးတာက ဆံသားအစိုဓာတ်ပြန်ရစေမှာပါနော်။ ခေါင်းလျှော်ရည်ကိုလည်း အစိုဓာတ်ဖြည့်ပေးနိုင်မယ့် ထုတ်ကုန်မျိုး ရွေးသုံးပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar