များသောအားဖြင့် ကွန်ပြူတာနဲ့အလုပ်လုပ်ရတဲ့သူတွေ၊ ဖုန်းသုံးတာများတဲ့သူတွေက လည်ပင်းနဲ့ပခုံးနာပြီး ဇာတ်ကြောတက်တာတွေ အရမ်းဖြစ်ပါတယ်။ အရမ်းဆိုးလာတဲ့အခါ ခေါင်းတွေပါထိုးကိုက်ပြီး အန်ချင်တာမျိုးတွေအထိ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် လည်ပင်းနဲ့ပခုံးနာပြီး ဇာတ်ကြောတက်တာတွေ သက်သာစေမယ့် လွယ်ကူသောယောဂ ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ယောဂတွေဖြစ်လို့ အိမ်မှာအလွယ်တကူ လူတိုင်းလုပ်နိုင်ပါတယ်။ ယောဂလုပ်မှာဖြစ်လို့ ယောဂဖျာတော့ လိုအပ်ပါတယ်။

Cat Cow Pose

ပုံမှာလုပ်ပြထားတဲ့ position နှစ်မျိုးကို လုပ်ပေးရမှာပါ။ နှစ်မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးပါ။ အမြန်မလုပ်ပဲ ဖြေးဖြေးချင်စီး လုပ်သွားပေးပါ။

Thread the Needle Pose

ဒူးထောက်ပြီး လက်ဖဝါးတစ်ဖက်ကို ထောက်ထားပါ။ လက်တစ်ဖက်ကတော့ အပေါ်ကိုဆန့်ပြီး မျက်နှာကိုဘယ်လှည့်ပါ။ ပြီးရင် ဒုတိယပုံထဲကလို ညာဘက်ကိုလှည့်ပြီး မြှောက်ထားတဲ့လက်ကို ပုံထဲကအတိုင်း လုပ်ပေးရမှာပါ။ Position နှစ်မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး ၁၀ ကြိမ်လုပ်ရပါမယ်။ ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ် ဖြစ်ပါတယ်။

Cow Face Pose

ခြေထောက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်းထိုင်ပါ။ လက်အနေအထားကလည်း ပုံထဲကအတိုင်း သေချာလုပ်ပေးပါ။ အဲ့အတိုင်း ၁၀ စက္ကန့်နေလိုက်၊ ပုံမှန်အတိုင်းပြန်နေလိုက်နဲ့ ၁၀ ကြိမ်လုပ်သွားပေးပါ။

Eagle Arms

လက်အနေအထားကို ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးလုပ်ပေးပါ။ အဲ့အတိုင်းနေပေးခြင်းက လည်ပင်းနာတာ၊ ပခုံးနာတာ၊ ဇာတ်ကြောတက်တာတွေ သက်သာစေလို့ အလုပ်လုပ်ရင်းနဲ့လည်း အပျင်းကြောဆန့်ရင်း လုပ်ပေးနိုင်ပါတယ်။

Fish Pose

ပုံမှာလုပ်ပြထားတဲ့ position နဲ့ ၁၅ စက္ကန့်နေပါ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်း ပြန်လှဲပါ။ ပြီးရင်ပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်လုပ်ပေးပါ။

Camel Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း အနည်းဆုံး ၁၀ စက္ကန့်ရအောင်နေပေးပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင် အဲ့အတိုင်းထပ်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်မှ ၁၀ ကြိမ်၊ ၁၅ ကြိမ်အထိ ကိုယ်အဆင်ပြေသလို လုပ်ပေးနိုင်ပါတယ်။