မျက်ခုံးမွှေးမရှိလို့ မျက်ခုံးမွှေးရှိလာချင်တဲ့သူတွေ၊ မျက်ခုံးမွှေးထူလာချင်တဲ့သူတွေအတွက် သဘာဝအတိုင်း ထူလာစေဖို့ ထိရောက်ပြီး လွယ်ကူတဲ့ နည်းလမ်း ၆ ခုကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေရာ တစ်မျိုးကိုပဲ ပုံမှန် စိတ်ရှည်ရှည်နဲ့ လုပ်သွားပေးမယ်ဆိုရင် ထိရောက်တဲ့ Result ကို ရရှိမှာပါ။

ကြက်ဆူဆီ

ကြက်ဆူဆီက အမွှေးအမျှင်တွေ သန်စေပါတယ်။ ဆံပင်ဆိုလည်း ထူပြီးအရှည်မြန်လာစေသလို မျက်ခုံးဆိုရင်လည်း ထူလာစေပါတယ်။ Mascara wand ဒါမှမဟုတ် ဂွမ်းတံကို အသုံးပြုပြီး မျက်ခုံးကို လိမ်းပေးပါ။ တစ်ညထားပြီး မနက်မှ မျက်နှာသစ်ရပါမယ်။

အုန်းဆီ

အုန်းဆီက မျက်ခုံးမွှေးကို အစိုဓာတ်ပေးပြီး vitamin နဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်၊ မျက်ခုံးမွှေး သန်လာဖို့ကို ကူညီပေးပါတယ်။ မျက်ခုံးမှာ အုန်းဆီကို ခုနကလိုပဲ လိမ်းပေးပြီး တစ်ညထားလည်းရသလို နာရီကြာကြာထားပြီး ရေကြက်သီးနွေးနဲ့ ပြန်ဆေးချလည်း ရပါတယ်။

ကြက်ဥအနှစ်

ကြက်ဥအနှစ်က ဆံသားသန်စွမ်းကျန်းမာစေရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ protein နဲ့ biotin ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဆံပင်သန်ချင်ရင်ပဲဖြစ်ဖြစ် မျက်ခုံးမွှေးထူချင်ရင်ပဲဖြစ်ဖြစ် ကြက်ဥအနှစ်ကို သုံးပေးရပါမယ်။ ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ကိုပဲယူကာ mascara wand (သို့) ဂွမ်းတံနဲ့ တို့ယူပြီး မျက်ခုံးကိုလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ရေနဲ့ပြန်သန့်စင်ပေးပါ။

ကြက်သွန်နီအရည်

ကြက်သွန်နီအရည်က sulfur ကြွယ်ဝတဲ့ သဘာဝဆေးတစ်လက်ဖြစ်ပြီး မျက်ခုံးမွှေးသန်လာစေဖို့ အထောက်အကူပြုပါတယ်။ ကြက်သွန်နီအရည်ကို ဂွမ်းတံနဲ့ယူပြီး မျက်ခုံးမွှေးကိုလိမ်းပါ။ ၁၅ မိနစ်ထားပြီးရင် ရေကြက်သီးနွေးနဲ့ သန့်စင်ပေးရုံပါပဲ။

ပဲနံ့သာစေ့

ပဲနံ့သာစေ့မှာက protein နဲ့ nicotinic acid ပါဝင်လို့ မျက်ခုံးမွှေးထူပြီး သန်လာစေဖို့ ကူညီပေးပါတယ်။ ပဲနံ့သာစေ့ကို တစ်ဇွန်းယူပြီး ရေနဲ့တစ်ညစိမ်ထားပါ။ မနက်ရောက်မှ အစေ့ကိုကြိတ်ချေပြီး မျက်ခုံးမွှေးပေါ် လိမ်းပေးရမှာပါ။ ပြီးရင် မိနစ် ၃၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပေးရပါမယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က မျက်ခုံးမွှေးထူပြီး သန်လာစေဖို့အတွက် အရမ်းအထောက်အကူပြုပါတယ်။ ရှားစောင်းလက်ပတ်အပင်ကနေ ဂျယ်လ်ကို ထုတ်ယူပြီး မျက်ခုံးမွှေးကို ပွတ်လိမ်းပေးရမှာပါ။ ပြီးရင် မိနစ် ၃၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ ဆေးချလိုက်ပါ။