လူတိုင်းမှာ stress တွေများပြီး မွန်းကြပ်လာတဲ့အချိန်ဆိုတာ ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ စိတ်ဖိစီးပြီး စိတ်ပင်ပန်းခံနေမယ့်အစား စိတ်သက်သာရာရအောင် လုပ်သင့်ပါတယ်။ စိတ်ပျော်ရွှင်နေမှလည်း အရာရာ ဘာလုပ်လုပ်အဆင်ပြေပြီး နေရတာလည်း အဆင်ပြေစေမှာပါ။ ဒါကြောင့် stress တွေများပြီး မွန်းကြပ်လာတဲ့အခါမှာ သင်လုပ်နိုင်တဲ့ အလွယ်ကူဆုံးအရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

တရားထိုင်ပါ

တရားထိုင်တာကတော့ စိတ်သက်သာရာရပြီး စိတ်ဖိစီးမှုတွေ stress တွေလျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းပေါ့။ ဒါကြောင့် အချိန်ယူပြီး တရားထိုင်ကြည့်ပါ။ စိတ်အဆင်ပြေလာပါလိမ့်မယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

Stress တွေများပြီး မွန်းကြပ်လာတဲ့အခါ လုပ်လက်စတွေအားလုံးကိုရပ်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်လိုက်ပါ။ အချိန်ခဏအတွင်းမှာ စိတ်သက်သာရာရစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

Stress တွေများပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ အိပ်လိုက်ပါ။ အိပ်ရေးဝသွားရင် ခေါင်းကြည်ပြီး အရင်ထက်တော့ စိတ်သက်သာရာရသွားပါလိမ့်မယ်။ Stress တွေများရတဲ့ထဲ အိပ်ရေးပါပျက်ရင် စိတ်အခြေအနေ ပိုဆိုးလာစေပါတယ်။

အရသာရှိတာတွေစားပါ

အရသာရှိတာတွေစားပေးရင်၊ အချိုလေးတွေစားပေးရင် စိတ်ပျော်ရွှင်ကြည်နူးမှု၊ စိတ်ကျေနပ်မှုကိုရစေပြီး stress တွေ လျော့ကျစေပါတယ်။ ဒါကြောင့် စိတ်ညစ်လို့ စိတ်ဖိစီးလို့ ဘာလုပ်ရမှန်းမသိရင် စားနေလိုက်တော့နော်။

သဘာဝတရားနဲ့အချိန်ကုန်ပါ

သဘာဝတရားကိုခံစားပြီး စိတ်ရောကိုယ်ပါ relax လုပ်တာမျိုးက stress တွေလျော့ကျပြီး စိတ်ကြည်လင် လန်းဆန်းမှုကို ရရှိစေပါတယ်။ အချိန်ရရင် ခရီးထွက်လာမျိုးလည်း လုပ်ကြည့်ပါ။

ရယ်စရာတွေကြည့်ပါ

ရယ်စရာတွေကြည့်ပေးပြီး ရယ်မောလိုက်ခြင်းက စိတ်ဖိစီးမှုတွေ stress တွေကို ဖယ်ထုတ်ပစ်နိုင်ပါတယ်။ စိတ်ပေါ့ပါးမှုရစေပါတယ်။ ဒါကြောင့် ရယ်စရာတွေလည်းကြည့်ပေးပါ။