နူးညံ့ပျော့ပျောင်းပြီး သဘာဝအတိုင်း ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းသားလေးက ကျန်းမာရေးကောင်းတဲ့ လက္ခဏာတစ်ခုဖြစ်သလို တောက်ပတဲ့နှုတ်ခမ်းလေးတွေကလည်း သင့်ကို ယုံကြည်မှုရှိရှိပြုံးနိုင်ဖို့ ကူညီပေးပါလိမ့်မယ် ။

Beetroot Lip Mask

လတ်လတ်ဆက်ဆက်ဖျော်ထားတဲ့ သကြားမုန်လာ ၂ ဇွန်း ၊ သကြား ၁ ဇွန်း ၊ Vaseline ၁ ဇွန်း ၊ အုန်းဆီနည်းနည်းတို့ကို သမအောင်မွှေပြီး နှုတ်ခမ်းကိုလိမ်းပေးပါ။ နှုတ်ခမ်းပေါ်မှာ ၂ မိနစ်ကနေ ၅ မိနစ်လောက်အထိ ထားပြီး ရေဆေးချပါ ဒါမှမဟုတ် Soft Tissue နဲ့ သုတ်ပေးပါ။

Glycerin and Lemon Mask

သံပုရာရည် ၁ ဇွန်းနဲ့ Glycerin ၁ ဇွန်းတို့်ကို ရောပြီး နှုတ်ခမ်းကိုလိမ်းပေးပါ။ တစ်ပတ် 2 ကြိမ် 3 ကြိမ်လောက် လိမ်းပေးရင် နူးညံ့ပြီး ပန်းနုရောင်သမ်းတဲ့ နှုတ်ခမ်းလေး ရရှိမှာပါ။

Lemon and Honey Mask

ပျားရည် ၁ ဇွန်းကို သံပုရာရည် ဇွန်းတစ်ဝက်နဲ့ ရောပြီးလည်း Lip Mask အနေနဲ့ လိမ်းလို့ရပါသေးတယ်။ ပျားရည်က နှုတ်ခမ်းကို နူးညံ့စေပြီး သံပုရာရည်က နှုတ်ခမ်းသားမဲတာကို သက်သာစေပါတယ်။

Strawberry and Coffee Mask

ချေထားတဲ့ စတော်ဘယ်ရီထဲ ကော်ဖီ ၁ ဇွန်းနဲ့ ဗီတာမင် E နည်းနည်းတို့ကို ရောမွှေပြီး နှုတ်ခမ်းကိုလိမ်းပေးပါ။ ၂ မိနစ် ၅ မိနစ်လောက်ထားပြီး Soft Tissue နဲ့ သုတ်ပေးပါ။

Rose and Milk Mask

နို့အေးထဲမှာ နှင်းဆီပွင့်ချပ်နည်းနည်းလောက်ကို တစ်ညစိမ်ထားပါ။ မနက်နိုးလာရင် စိမ်ထားတဲ့ နှင်းဆီပွင့်ဖတ်တွေကို ယူပြီး နုပ်နုပ်စင်းလိုက်ပါ။ နုပ်နုပ်စင်းထားတဲ့ နှင်းဆီတွေကို နို့နည်းနည်းရောလိုက်ပါ။ ပြီးမှ နှုတ်ခမ်းကိုလိမ်းပေးပါ။

Aloe Vera and Coconut Oil Nourishing Lip Mask

အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီနဲ့ ရောထားတဲ့ ရှားစောင်းလက်ပတ်ကလည်း အစွမ်းတဲ့ Lip Mask တစ်မျိုးပါပဲ။ သူ့ကို Lip Balm အနေနဲ့ရော Lip Mask အနေနဲ့ပါ သုံးလို့ရပါတယ်။