မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ရဲ့ မျက်နှာမှာကပ်ကျန်နေတတ်တဲ့ အညစ်အကြေး၊ ဖုန်နဲ့ ဆဲလ်သေတွေ အားလုံးဖယ်ရှားနိုင်ဖို့ Cleansing လုပ်ပေးတဲ့အဆင့်က အရမ်းအရေးကြီးပါတယ်နော်။ Cleanser ကာင်းကောင်းနဲ့ သေချာမျက်နှာသန့်စင်ပေးတဲ့အခါ အသားအရေလေးကြည်လင်ပြီး ကိုယ်သုံးလိုက်တဲ့ Skincare တွေလည်း အရေပြားထဲပိုစိမ့်ဝင်စေပါတယ်။ ဒါ့အပြင် သဘာဝပစ္စည်းတွေသာပါဝင်တဲ့ Cleanser လးတွေသုံးပေးမယ်ဆိုရင် ဈေးလည်းသက်သာသလို ဘေးထွက်ဆိုးကျိုးလည်းမရှိတာမို့ ပျိုမေတို့အတွက် သဘာ၀ Cleanser ကိုယ်တိုင်လုပ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Oatmeal ၊ ပျားရည်နဲ့ နို့မှုန့်

Oatmeal နဲ့ နို့က အသားအရေကိုနူးညံ့သွားစေတဲ့အပြင် မျက်နှာပေါ်က ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်တဲ့ အာနိသင်တွေပါပါတယ်။ နွားနို့ (သို့) ဆိတ်နို့မှုန့် တစ်ဇွန်း၊ Oatmeal တစ်ဇွန်းနဲ့ ပျားရည်အနည်းငယ်တို့ကို ရေနဲ့ရောပြီး အနှစ်ရအောင်မွှေပေးပါ။ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့ စက်ဝိုင်းပုံ ဖြေးဖြေးချင်းပွတ်ပေးပြီး Cleansing လုပ်ပေးနိုင်ပါတယ်။

၂။ Oat ဂျုံ၊ ပဲနို့နဲ့ Almond ဆီ

အသားအရေကိုသန့်စင်ပေးရုံမကဘဲ Skincare နဲ့ မိတ်ကပ်သား စိမ့်ဝင်မှုအားကောင်းစေတဲ့ Cleanser လုပ်နည်းလေးဖြစ်ပါတယ်။ အမှုန့်ကြိတ်ထားတဲ့ Whole Oat ဂျုံနှစ်ဇွန်း၊ ပဲနို့အမှုန့်နဲ့ Almond ဆီတစ်ဇွန်းတို့ကို ရောပြီး ရေနည်းနည်းရောကာ လက်လေးနဲ့မွှေပေးပါ။ အနှစ်ရလာတဲ့အခါ မျက်နှာမှာ တစ်မိနစ်လောက်ပွတ်ပေးပြီး ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ ဆေးချရုံပါပဲ။

၃။ ပျားရည်၊ Tea Tree ဆီ နဲ့ Essential Oil များ

Jojoba ဆီ၊ လာဗင်ဒါနဲ့ Rosemary စတဲ့ Essential Oil တွေကလည်း မျက်နှာကိုသန့်စင်ပေးပြီး အသားကြည်စေတာမို့ ကိုယ့်မှာရှိတဲ့ Essential Oil တွေနဲ့ ပျားရည်နှစ်ဇွန်း၊ Tea Tree တစ်ဇွန်းတို့ပေါင်းပြီး အရေပြားထဲစိမ့်ဝင်အောင် လက်ချောင်းတွေနဲ့ နှိပ်နယ်လိမ်းပေးကာ ခဏလောက်ထားပြီး ရေနဲ့ပြန်သန့်စင်ပေးပါ။

၄။ အုန်းဆီအနှစ်နဲ့ ကြက်ဆူဆီ

အုန်းဆီကလည်း မျက်နှာပေါ်က အဆီတွေစုပ်ယူပေးပြီး အသားအရေအစိုဓာတ်ဖြည့်ပေးနိုင်တာမို့ အသားအရေလေးကို Glow နေစေပါတယ်။ အုန်းဆီနည်းနည်းကို အမြုပ်ထအောင် ခလောက်ပေးပြီး ကြက်ဆူဆီနည်းနည်းရောထည့်ကာ အမြုပ်နဲ့ Cream ပုံစံလေးရအောင် မွှေပေးပါ။ ပြီးနောက် မျက်နှာမှာ ပွတ်လိမ်းပြီး ရေနွေးလေးနဲ့ ပြန်သစ်ပေးနိုင်ပါတယ်။

၅။ သံလွင်ဆီနဲ့ ကြက်ဆူဆီ Oil Cleanser

အလွယ်ဆုံး Oil Cleanser သုံးနည်းဖြစ်ပါတယ်။ အရေပြားပေါ်ကအဆီတွေ သန့်စင်ပေးမယ့် သံလွင်ဆီနဲ့ ကြက်ဆူဆီတို့ကို ဆတူရောကာ မျက်နှာကို လက်ချောင်းနဲ့ စိမ့်ဝင်သွားတဲ့အထိ နှိပ်နယ်ပြီး လိမ်းပေးပါ။ ပြီးနောက် ရေနွေးစိမ်ကာ အရည်ညှစ်ထားတဲ့ မျက်နှာသုတ်ပုဝါအပါးလေးနဲ့ မျက်နှာကို မိနစ်အနည်းငယ်အုပ်ပေးရမှာဖြစ်ပါတယ်။ အချိန်ပြည့်တဲ့အခါ ပုဝါနဲ့ အဆီတွေဆွဲယူပြီး ခပ်ဖွဖွပုတ်ကာ ပြန်သန့်စင်ပေးပါ။

၆။ ပက်ပါမင့်အဆီနဲ့ သံပယိုရည်

အနံ့မွှေးတာလေးသုံးချင်သူတွေအတွက် အဆင်ပြေမယ့်နည်းလေးဖြစ်ပါတယ်။ ဒီ Cleanser အတွက် မျက်နှာပေါ်က ဘက်တီးရီးယားတွေဖယ်ရှားပြီး အသားအရေကို သန့်စင်ပေးတဲ့ ပက်ပါမင့်အဆီ အစက် (၅) စက်ယူပေးပါ။ သံပယိုရည်ကိုလည်း ဆတူယူပြီး အပူနည်းနည်းပေးထားတဲ့ ရေထဲထည့်ကာ သမအောင် မွှေပေးပါ။ ပြီးနောက် Spray ဗူးလေးထဲထည့်ပြီး လိုအပ်တဲ့အခါ မျက်နှာမှာဖြန်းကာ သန့်စင်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar