သွားဖြူလာဖို့အတွက် ကိုယ့်အလေ့အကျင့်ကို ပြင်ရုံနဲ့တင် ဖြူအောင် လုပ်နိုင်ပါတယ်။ တစ်ခါတလေ သင့်အလေ့အကျင့်တွေကြောင့်လည်း သွားက ပိုဝါလာတတ်ပါတယ်။ သွားဖြူအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ များစွာ ရှိပါတယ်။ ဒါပေမဲ့ ငွေကုန်ကြေးကျ များနိုင်တာမို့ အခုပြောမယ့် အလေ့အကျင့်တွေကတော့ သင်လိုက်နာရုံနဲ့တင် သွားဖြူလာမှာမို့ သင့်အတွက် အသုံးဝင်မှာပါ။

၁။ ဗီတာမင်ဒီနဲ့ ကယ်စီယမ် လုံလောက်ပါစေ

Photo Source: Daily Express

လူတစ်ယောက်မှာ ကိုယ့်ခန္ဓာကိုယ်အလိုက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ရှိပါတယ်။ ဗီတာမင် ဓာတ်ချို့တဲ့အခါ သွားပိုဝါတတ်ပါတယ်။ ဒါကြောင့် ဗီတာမင် ဒီနဲ့ ကယ်စီယမ် ဓာတ် ပမာဏကို သက်ဆိုင်ရာ ဆရာဝန် ပြောထားတဲ့ အတိုင်း လုံလောက်အောင် မှီဝဲသင့်ပါတယ်။

၂။ အအေး သောက်တဲ့အခါ

အထူးသဖြင့် အရောင်အနက်ရောင် ဖြစ်တဲ့ အချိုရည်တွေကို သောက်တဲ့အခါ ပိုက်နဲ့ သောက်သင့်ပါတယ်။ အအေးထဲ ပါတဲ့ ဓာတုပစ္စည်းတွေက သွားဝါစေနိုင်တာမို့ ပိုက်နဲ့ပဲ သောက်ပေးသင့်ပါတယ်။

၃။ အသီးကျွတ်ကျွတ်လေးတွေကို စားပါ

စားလိုက်ရင် ကျွတ်ကျွတ်လေး ဖြစ်တဲ့ အသီးတွေက သင့်သွားကို ပိုဖြူစေပါတယ်။ ဥပမာ- ပန်းသီး၊ ပန်းသစ်တော်၊ သခွားသီး စတဲ့ အသီးတွေပါ။

၄။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ

သင့်သွားလေးတွေ ဖြူနေဖို့အတွက် သွားက သန့်ရှင်းမှု ရှိဖို့ လိုအပ်ပါတယ်။ တစ်ခုခု သောက်ပြီးနောက် ဒါမှမဟုတ် စားပြီးတိုင်း ရေနဲ့ ပလုတ်ကျင်းပေးသင့်ပါတယ်။

၅။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာ ကြာလာတဲ့အခါ သူ့မှာ ပါတဲ့ အငွေ့က သင့်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ အစွန်းထင်းစေပါတယ်။ ဒီထဲ သွားလည်း ပါဝင်ပါတယ်။ ဒါကြောင့် သွားဖြူချင်ရင် ဆေးလိပ်သောက်တာကို လျှော့သင့်ပါတယ်။

၆။ သွားဖြူဖို့ ကူညီပေးတဲ့ ပစ္စည်းတွေကို သုံးပါ

သွားဖြူလာစေတဲ့ သွားတိုက်ဆေးတွေ၊ ပစ္စည်းတွေ အကူအညီကို ယူပြီး သွားဖြူအောင် လုပ်သင့်ပါတယ်။ ဒါပေမဲ့ အများ အသိအမှတ်ပြု လက်ခံထားတဲ့ ပစ္စည်းမျိုး ဖြစ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar