မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ ဦးထုပ်လှလှလေးတွေဆောင်းရတာ ကြိုက်တဲ့သူတွေရှိလား။ ဦးထုပ်တွေဆိုတာ ထီးလို တကူးတကကိုင်စရာမလိုဘဲ နေဒဏ်ကိုကာကွယ်ပေးတဲ့အပြင် Hairstyle လည်း ပုံမပျက်စေတာမို့ တစ်လုံးလောက်တော့ရှိထားသင့်တဲ့ပစ္စည်းလေးဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်အဝတ်အစားနဲ့လိုက်တဲ့ ဦးထုပ်လေးတွေဝတ်တာက သင့်ကိုစတိုင်လည်းကျစေမှာဖြစ်လို့ ဒီတစ်ခေါက်မှာ ပျိုမေတိုင်းနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းစေမယ့် ဦးထုပ်ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Beanie

Beanie ဦးထုပ်လေးတွေက အေးတဲ့ရာသီမှာဝတ်ဖို့သင့်တော်သလို Hairstyle သီးသန့်ပြင်ဖို့မလိုဘဲ ဒီဦးထုပ်လေးဝတ်လိုက်ရုံနဲ့ စတိုင်ကျစေမယ့် ဒီဇိုင်းလေးပါ။ ဓာတ်ပုံထဲမှာလည်း အထာကျတာမို့ Celebrity တော်တော်များများဝတ်တတ်တဲ့ ဦးထုပ်လေးဆိုရင်လည်းမမှားပါဘူး။
Berets

Berets ဦးထုပ်ဒီဇိုင်းလေးတွေက ချစ်စရာကောင်းတဲ့အပြင် Outift တိုင်းကိုခေတ်ဆန်ပြီး ဖက်ရှင်ကျအောင်ပံ့ပိုးပေးနိုင်တာမို့ တစ်လုံးလောက်တော့မဖြစ်မနေရှိထားသင့်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ လူငယ်ကောင်မလေးတွေ အကြိုက်တွေ့စေမယ့် ဦးထုပ်လေးလို့ပြောလို့ရပါတယ်။
Newsboy Cap

လျှာထုတ်ဦးထုပ်နဲ့ Beret လေးကိုပေါင်းထားသလို ဒီဇိုင်းလေးဖြစ်တဲ့ ဒီ Newsboy ဦးထုပ်လေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်ပါတယ်။ Bang ဆံပင်ကေရှိတဲ့သူတွေနဲ့ဆို ပိုလိုက်ဖက်ပါတယ်။ အရုပ်ကလေးတစ်ရုပ်လို ချစ်စရာကောင်းစေမှာပါ။
Baseball Cap
ရိုးရိုးလေးနဲ့ စတိုင်မိုက်တဲ့ ဦးထုပ်မျိုးဖြစ်ပြီး ကိုယ့် Outfit နဲ့လိုက်မယ့်အရောင်မျိုး ရွေးတတ်ရင်ရွေးတတ်သလို ဝတ်လိုက်တာနဲ့ အထာကျစေမယ့်ဒီဇိုင်းဖြစ်ပါတယ်။
Bucket Hat

Bucket Hat တွေက နေရောင်ကိုကောင်းကောင်းကာကွယ်ပေးနိုင်တာမို့ နေပူထဲသွားရတဲ့သူတွေ ဒါမှမဟုတ် ခရီးထွက်တဲ့အချိန်တွေမှာ ဆောင်းဖို့အရမ်းသင့်တော်ပါတယ်။
Crochet Bucket Hat

Trendy ဖြစ်သလို အရောင်စုံ ဒီဇိုင်းဆန်းလေးတွေ ထိုးလို့ရတဲ့ Crochet Bucket Hat လေးတွေကလည်း အခုခေတ်ကောင်မလေးတွေနဲ့ ချစ်စရာကောင်းစေမယ့်ဦးထုပ်လေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ဝတ်လို့ကောင်းသလို ဝါသနာပါတဲ့သူတွေ ကိုယ်ပိုင်ဒီဇိုင်းလေးဖန်တီးပြီးကိုယ်တိုင်ထိုးနိုင်တဲ့ ဦးထုပ်လေးဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar




