ကိုးရီးယား အိုင်ဒေါတွေက သီချင်းအသစ်တွေကို ပုံစံအမျိုးမျိုး စတိုင်အမျိုးမျိုးနဲ့ ဆိုနိုင်ကြသလို သူတို့ စတိုင်ကိုလည်း အမျိုးမျိုး ပြောင်းလဲနိုင်ကြပါတယ်။ ဒီထဲမှာ ဆံပင်စတိုင်လည်း ပါပါတယ်။ Idol တွေက Comeback တစ်ခုနဲ့ တစ်ခု မတူအောင် ဆံပင်အရောင် ပြောင်းတတ်ကြသလို ဆံပင်စည်းတဲ့ ပုံစံ၊ ထားတဲ့ပုံစံကို ပြောင်းလေ့ရှိပါတယ်။

ဆံပင်အရောင် ခပ်မိုက်မိုက်နဲ့ ဆံပင်စည်းထားတဲ့ သူတို့ရဲ့ ပုံစံက တခြားသူတွေနဲ့ မတူဘဲ ကွဲထွက်သွားတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း သူတို့လို စည်းနိုင်ပါတယ်။

Jennie ရဲ့ ကျစ်ဆံမြီးကို အကွေးပုံစံ စည်းထားတဲ့ စတိုင်

ဒီ စတိုင်လေးက ဂျပန်ကာတွန်းထဲက ဂျပန်မလေးနဲ့တောင် ပုံစံဆင်သွားစေပါတယ်။ ချစ်ဖို့ကောင်းတဲ့ စတိုင်ပါ။

Ryujin ရဲ့ ဆံပင်စည်းတဲ့ ဆန်းသစ်မှု

Itzy အဖွဲ့ဝင် Ryujin က ဆံပင်ကို အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်။ ဒီပုံစံလေးကတော့ နှစ်ဘက် စည်းထားတဲ့ ဆံပင်ကိုမှ နောက်တစ်ပတ် အပေါ်ပြန်စည်းတဲ့ စတိုင်ပါ။ Medium Length ဒါမှမဟုတ် တိုတဲ့ ဆံပင်စတိုင်နဲ့ ပိုမိုက်မယ့် ပုံစံဖြစ်ပါတယ်။

Yuqi (G-idle)

ဆံပင်အမျိုးမျိုး စည်းတတ်သူတွေထဲမှာ G-idle အဖွဲ့ဝင် Yuqi လည်း ပါဝင်ပါတယ်။ ဒီထဲမှာတော့ သူမက နှစ်ဘက် ကျစ်ဆံမြီးကို အမြင့်စည်းထားပါတယ်။

Yuqi ရဲ့ ဖဲပြားပုံစံ ဆံပင်

ဆံပင်အနီရောင် ပိုင်ရှင် Yuqi က ဆံပင်ကို ချစ်စရာကောင်းတဲ့ ဖဲပြားပုံစံ လုပ်ထားပြန်ပါတယ်။

Dahyun ရဲ့ ရောင်စုံခေါင်းစည်းကြိုးနဲ့ ကျစ်ဆံမြီး

ဒီကျစ်ဆံမြီး စတိုင်က စည်းရတာ အလွယ်ဆုံး ပုံစံ ဖြစ်ပါတယ်။ Creative ဖြစ်ချင်ရင် Twice အဖွဲ့ဝင် Dahyun လို ကြားထဲ ယိုးဒယားသားရေကွင်း အရောင်မျိုးစုံ သုံးနိုင်ပါတယ်။

Rosé ရဲ့ ကျစ်ဆံမြီးအသေး

Rosé က ဒီဆံပင်စတိုင်နဲ့ အေးစက်လွန်းတဲ့ Ice Queen နဲ့ တူသွားပါတယ်။ ကျစ်ဆံမြီးအသေးလေးတွေက အရောင်ဆိုးထားတဲ့ ဆံပင်ပေါ်မှာ ပိုပေါ်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar