ဆေးနဲ့ကောက်ထားတာမဟုတ်တာတောင်မှ သဘာဝအတိုင်းကောက်နေတဲ့ဆံပင်လေးတွေက တခြားဆံသားတွေထက် ပိုပြီးဆံသားခြောက်ပြီး ငြိလွယ် ပြတ်လွယ်ပါတယ်။ ဆံသားကျန်းမာဖို့ သေချာထိန်းသိမ်းနိုင်မှသာ ကောက်ကြောင်းတွေက ပုံကျပြီး ကြည့်ကောင်းမှာပါ။

ခနခနမလျှော်ပါနဲ့

ဆံပင်တွေကို နေ့တိုင်း ဒါမှမဟုတ် ခနခနလျှော်တာက ဆံသားတွေ ခြောက်တာ ၊ အက်ကွဲတာတွေ ဖြစ်စေတာကြောင့် တစ်ပတ်မှာ ၂ ကြိမ် သို ၃ ကြိမ်လောက်သာ လျှော်ပါ။ Curly Hair အတွက် သီးသန့်ထုတ်ထားတဲ့ moisturizing shampoo သုံးပါ။ ခေါင်းမလျှော်တဲ့နေ့တွေမှာ Shower Cap သုံးပါ။

ဆံပင်ရဲ့ အစိုဓာတ်ကို ထိန်းထားပါ

Curly Hair အများစုရဲ့ဆံသားက ခြောက်တာမလို့ ဆံသားအစိုဓာတ်ရဖို့အရေးကြီးပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း Conditioner မဖြစ်မနေသုံးပေးပါ။ Oil or Leave-in conditioner မဖြစ်မနေသုံးပေးပါ။

ဦးရေပြားကို ဂရုစိုက်ပါ

ဗောက်ပျောက်တဲ့ ခေါင်းလျှော်ရည်တွေကလည်း ဆံပင်ကို ခြောက်စေတာမလို့ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို သုံးမယ်ဆိုရင် ဦးရေပြားကို လိမ်းပြီး 2-10 မိနစ်ခန့် ဒါမှမဟုတ် အညွှန်းမှာ ဖော်ပြထားတဲ့ အချိန်အတိုင်း ထားပေးပါ။

ခေါင်းဖြီးတဲ့အခါ ဂရုစိုက်ပါ

ဆံပင်ကောက်ကောက်တွေက လွယ်လွယ်နဲ့ငြိနိုင်တာကြောင့် Leave-in conditioner သုံးပြီးလို့ခေါင်းဖြီးတဲ့အခါ လက်ချောင်းများနဲ့ ဖြီးပါ။ ဒါမှမဟုတ် Curly Hair အတွက် သီးသန့်ထုတ်ထားတဲ့ဘီး ၊ အသွားကျဲတဲ့ဘီးကို သုံးပါ။ နောက်တစ်ခုက ဆံပင်ခြောက်နေတဲ့အချိန်မှာ အတင်းမဖြီးပါနဲ့။

နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

အပူနဲ့ ခရမ်းလွန်ရောင်ခြည်တွေက ဆံသားတွေကို ခြောက်စေပါတယ်။ ဒါကြောင့် ဆံပင်ရဲ့ အစိုဓာတ်ကို ထိန်းထားနိုင်ဖို့ ဦးထုပ် သို့မဟုတ် ထီးနဲ့ကာကွယ်ပါ။

ညအိပ်ချိန် ဂရုစိုက်ပါ

အိပ်တဲ့အခါ ဆံပင်ကိုဖြန့်အိပ်တာက ဆံသားငြိတာ ကျိုးတာမျိုးတွေဖြစ်တောမလို့ ညအိပ်တဲ့အခါ ဖွဖွလေးစည်းတာ ၊ ထုံးအိပ်တာမျိုး ၊ ကျစ်ဆံမြီးကျစ်တာမျိုး လုပ်ပေးပါ။