ခန္ဓာကိုယ် ကောက်ကြောင်းလှပြီး ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တာကတော့ မိန်းကလေးတိုင်းရဲ့အိပ်မက်ပဲဖြစ်ပါတယ်။ အသက်ငယ်ငယ် ကြီးကြီး မိန်းကလေးတိုင်းကတော့ အလှအပကို ခုံမင်ကြပါတယ်။

ဒီလိုတင်ပါးလေး ကိတ်နေဖို့အတွက် တင်ပါးကိတ်စေမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာ တစ်ခုထိတော့ စောင့်ရပါတယ်။ သင့်အနေနဲ့ အချိန်အကြာကြီး မစောင့်နိုင်ဘူးဆိုရင်တော့ တင်ပါးကိတ်နေတဲ့ပုံပေါက်အောင် အဝတ်အစားနဲ့ လှည့်စားနိုင်ပါတယ်။

ခါးရှည်အင်္ကျီများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

တင်ပါး ဖုံးသွားသည်အထိ ရှည်လျားလွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းထက် ခါးတို (သို့) ခါး ကောက်ကြောင်းလေး ပေါ်လွင်သွားစေမယ့် အဝတ်အစားများကို ဝတ်ဆင်ပါ။

ခြေသလုံးအလှကို မဖုံးကွယ်ထားပါနဲ့

တင်ပါး ပိုကိတ်သယောင် ဖြစ်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ခြေသလုံး အလှကို ဖုံးကွယ်ထားလို့မရပါဘူး။ စကပ်တိုတိုလေးတွေ ဝတ်ဆင်ပြီး တင်ပါးကိတ်ကြောင်း ဖော်ပြနိုင်ပါတယ်။

စကပ်အကား ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ

နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ Chistian Dior က သူ့ရဲ့ပထမဦးဆုံး Pencil စကပ်ကို စတင်တီထွင်ခဲ့ပြီး ထိုစကပ်က အမျိုးသမီးတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ စကပ်ဖြစ်ကြောင်းအကြံပြုခဲ့ပါတယ်။ စကပ်အကားတွေထက်စာရင် Pencil စကပ်လိုမျိုး ချပ်ချပ်ရပ်ရပ်ရှိတဲ့ စကပ်များက သင့်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုမိုပေါ်လွင်စေပါတယ်။

အလျားလိုက် အစင်းကြောင်းဖက်ရှင်များနဲ့ မိတ်ဆွေဖွဲ့ပါ

အလျားလိုက် အစင်းကြောင်းဖက်ရှင်များက သင့်ရဲ့တင်ပါးကို လုံးဝန်းစေပြီး ပိုကိတ်သယောင် ကူညီပေးပါတယ်။

Crop Tops အင်္ကျီများကို စကပ်အတို (သို့) ဘောင်းဘီအတိုနဲ့ တွဲဖက်ဝတ်ဆင်ပါ

Crop Top အင်္ကျီတစ်ထည်က သင့်ရဲ့ခါးကို ပိုမိုပေါ်လွင်စေပြီး ဂျင်းဘောင်းဘီအတိုနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ အလိုက်ဖက်ဆုံးပါပဲ။

ကိုယ်ကြပ်ဂါဝန်များ ဝတ်ဆင်ပါ

ဆွဲသားဂါဝန်၊ စကပ်နဲ့ ဂျင်းဘောင်းဘီများက သင့်ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေပြီး တင်ပါးကို ပိုလုံး ပိုကိတ်စေပါတယ်။ ဒေါက်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ ပိုမိုဖက်ရှင်ကျလာမှာအမှန်ပါပဲ။

Source: Brightside.me