အခုခေတ်စားနေတဲ့ claw clip လေးတွေနဲ့ ဆံပင်လှန်တင်ချင်ပေမယ့် ဘယ်လိုလှန်တင်ရမှန်းမသိဘူး၊ သူများတွေကျလှပြီး ငါလုပ်တာကျ မလှဘူးဆိုပြီး ဖြစ်နေတဲ့သူတွေအတွက် claw clip လေးနဲ့ ဆံပင်လှန်တင်နည်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။

နည်းလမ်း ၁

ဆံပင်အားလုံးကို လက်နဲ့လိမ်ပြီး အပေါ်ကိုလှန်ခေါက်ပြီး clip တပ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကလည်း အရမ်းလွယ်ပါတယ်။

နည်းလမ်း ၂

ဆံပင်ကို နှစ်ဖက်ခွဲလိမ်ပြီး နှစ်ခေါက်ခေါက်ကာ clip နဲ့ ညှပ်လိုက်တာပါ။ ဒီနည်းလမ်းကလည်း အရမ်းလွယ်ကူပါတယ်။

နည်းလမ်း ၃

အရင်ဆုံး ဆံပင်ကိုစုစည်းလိုက်ပါ။ စည်းပြီးရင် ခေါင်းစည်းကြိုးကို အောက်နည်းနည်းလျှောပြီး ဆံပင်ကို လက်နဲ့ ခွဲချလိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း ခွဲလိုက်တဲ့ထဲကို ဆံပင်ထိုးထည့်ပြီး အပေါ်ထိရောက်အောင်လုပ်ပါ။ ပြီးရင်တော့ claw clip လေးနဲ့ ညှပ်လိုက်ရုံပါပဲ။

နည်းလမ်း ၄

လက်တစ်ဖက်နဲ့ ဆံပင်ကိုစုကိုင်ပြီး နောက်လက်တစ်ဖက်က ကလစ်နဲ့ ပုံမှာပြထားတဲ့အတိုင်း လိမ်ပြီး ညှပ်လိုက်ရုံပါပဲ။ ဆံပင်အရမ်းရှည်ရင်တော့ ဒီနည်းလမ်းနဲ့က သိပ်အဆင်မပြေပါဘူး။ ဆံပင်တိုတဲ့သူ၊ ဆံပင်ကျောလောက်ရှိတဲ့သူအတွက်ပဲ အဆင်ပြေပါလိမ့်မယ်။

နည်းလမ်း ၅

ကျစ်ဆံမြီးကျစ်ပြီး ဆံပင်ကို နှစ်ခေါက်ခေါက်လိုက်ပါ။ ပြီးရင်တော့ claw clip လေးနဲ့ ညှပ်လိုက်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။

နည်းလမ်း ၆

ဒီနည်းလမ်းကတော့ ဆန်းပါတယ်။ လွယ်လည်းအရမ်းလွယ်ပါတယ်။ Claw clip နဲ့ ဆံပင်ကိုစုညှပ်ထားပြီး ဆံပင်ကိုလှန်လိုက်ပါ။ ပြီးရင် clip ကိုလိမ်သလိုလေး လုပ်ပြီး ကျန်နေတဲ့ဆံပင်တွေကို clip ကြားထဲ ညှပ်ထည့်လိုက်ရုံပါပဲ။