သင့်ကို အသက်ပိုရှည်စေပြီး အသိပညာ ဗဟုသုတတွေ တိုးပွားစေဖို့ တရုတ်လူမျိုးတွေရဲ့ လျို့ဝှက်ချက်တွေကလည်း ကူညီပေးနိုင်ပါတယ်။ တစ်ခါတလေ သူတို့ဆီမှာ ဆံပင်ဖြူလို့ပဲ အသက်ကြီးတယ်လို့ ထင်ရစေတာပါ။ မဟုတ်ရင် သူလို ကိုယ်လို အသက်ကြီးတယ် မထင်ရတဲ့ လူတွေ များစွာရှိပါတယ်။ သင့်အသားအရေကို အရွယ်တင် နုပျိုစေဖို့ Skincare ပစ္စည်းတွေ လိုအပ်သလို ခန္ဓာကိုယ် တွင်းကိုပါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ တရုတ်တွေကလည်း ဒါကို သိထားပြီး အရွယ်တင် နုပျိုဖို့ ခန္ဓာကိုယ်တွင်းကို ဒီလိုဂရုစိုက်လေ့ရှိပါတယ်တဲ့။

၁။ တစ်ပတ်မှာ တစ်ခါ အသားမစားပါနဲ့

တရုတ် နာမည်ကျော် အများစုက သူတို့အသက်အရွယ်ကို ခန့်မှန်းရ မရနိုင်အောင်ထိ အသားအရေ ထိန်းသိမ်းနိုင်ကြပါတယ်။ တရုတ်မင်းသမီး Xu Qing ဆိုရင် အသက် ၅၃ နှစ်အရွယ်မှာ ၃၀ ဝန်းကျင်လောက်ပဲ ထင်ရတုန်းပါ။ တရုတ်လူမျိုးတွေရဲ့ အဆိုအရ အရွယ်တင် နုပျိုဖို့ အဆိပ်အတောက်ဖယ်ခြင်း Detox လိုအပ်လို့ သိရပါတယ်။ တစ်ပတ်မှာ သက်သက်လွတ် တစ်ကြိမ်စားပေးတာက ဒီရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးတယ်လို့ ဆိုထားပါတယ်။

၂။ ထမင်းထဲမှာ ဆားမထည့်ဘူး

ဆားက အရေးအကြောင်းပေါ်စေတဲ့ အစားအသောက် တစ်မျိုးပါ။ ဆိုဒီယမ် အဝင်ပမာဏကို လျှော့ချလိုက်တာက အိုမင်းခြင်းကို နှေးကွေးစေပါတယ်။ တရုတ်လူမျိုးတွေက ဆားကို လျှော့စားကြပါတယ်။ ထမင်းထဲ ဆားမထည့်တတ်ပါဘူး။

၃။ ကြာရွက် လက်ဖက်ရည်သောက်တယ်

ကြာပန်းရွက် လက်ဖက်ရည်ကို အအေးပုံစံ သောက်နိုင်သလို ပူပူနွေးနွေးလည်း သောက်နိုင်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေကတော့ ဆီးသွားရလွယ်ကူခြင်း၊ ဝိတ်ကျခြင်းနဲ့ အစာအိမ်ရောဂါတွေအတွက် သင့်တော်ခြင်းတို့ ဖြစ်ပါတယ်။ ဒီ လက်ဖက်ရည်က အဆီများတဲ့ လူတွေအတွက် သင့်တော်တယ်လို့ ညွှန်းထားပြီး အစာမရှိတဲ့အချိန်မှာ လေးခွက်လောက် သောက်သင့်တယ်လို့ ဆိုထားပါတယ်။

၄။ ထိုက်ချိ လေ့ကျင့်တယ်

ကျွမ်းကျင်သူတွေက ထိုက်ချိ လေ့ကျင့်ခြင်းဟာ စိတ်ဖိစီးမှု၊ စိုးရိမ်သောကတွေကို လျော့ကျစေပြီး စွမ်းအင်နဲ့ သက်လုံတိုးစေပြီး ခန္ဓာကိုယ် ပျော့ပြောင်းစေတယ်လို့ ဆိုထားပါတယ်။ ယောဂ လေ့ကျင့်ခန်းအစား ဒါကို လုပ်နိုင်ပါတယ်။ တစ်နေ့မှာ ၁၀ မိနစ် ထိုက်ချိလေ့ကျင့်ရုံနဲ့ လုံလောက်ပါတယ်။

၅။ Mung Bean Mask ကို သုံးတယ်

သင်က ဒီ Mask ကို တစ်ခါမှ မသုံးဖူးဘူးဆိုရင် စမ်းသုံးကြည့်သင့်ပါတယ်။ ပဲတစ်မျိုးဖြစ်တဲ့ Mung Bean ကို အနှစ်ရအောင် ကျိတ်ပြီး မျက်နှာမှာ ကပ်တဲ့အခါ ဝက်ခြံသက်သာစေပြီး မျက်နှာဖောင်းတာ သက်သာစေပါတယ်။

၆။ နနွင်းမှုန့် Mask ကို သုံးတယ်

သဘာဝ Mask တွေထဲမှာ အထိရောက်ဆုံးပစ္စည်းတစ်မျိုး ဖြစ်တဲ့ နနွင်းကို တရုတ်လူမျိုးတွေက Mask အနေနဲ့ သုံးတတ်ကြပါတယ်။ သင်က ဆေးဆိုင်ကနေ နနွင်းမှုန့်ကို ဝယ်ပြီး ဒိန်ချဉ်၊ ပျားရည်တွေနဲ့ လျောပြီး Mask ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အသားအရေ မတည့်တာတွေ ဖြစ်နိုင်တာကြောင့် ဒီ Mask ကို မ Try ခင် အရေပြားကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။

Source: Brightside

By MyStyle Myanmar