ကိုယ့်ပုံစံကို ပြောင်းလဲချင်တယ်ဆိုရင် အလွယ်ဆုံးနည်းလမ်းကတော့ ကိုယ့်ဆံပင်ပုံစံကို ပြောင်းလဲတာပါ။ ဆံပင်ပုံစံပြောင်းလိုက်တာက ကိုယ့်ကို စိတ်အသစ်၊ ပုံစံအသစ်၊ စတိုင်အသစ် ဖြစ်သွားစေပါတယ်။ သင်က အခုချိန် သင့်ပုံစံကို လုံးဝပြောင်းလဲချင်တယ်ဆိုရင် ဒီကမ္ဘာကျော်တွေရဲ့ ပုံစံပြောင်းလဲပုံတွေကနေ နမူနာယူနိုင်ပါတယ်။ ဆယ်လီတွေကတော့ သိတဲ့အတိုင်း ဆံပင်ပုံစံတွေကို အမျိုးမျိုးဆန်းသစ်ပြောင်းလဲနေသူတွေပါ။

ဒီ Celebrity (၆) ဦးကတော့ သူတို့ ပုံစံတွေပြောင်းလဲပစ်ဖို့ ၂၀၂၀ ကို ရွေးချယ်ခဲ့ပုံပါပဲ။ ဘယ်သူတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ Dua Lipa က ချယ်ရီရောင် အတောက် ဆံပင်အရောင်ကို ပြောင်းလဲခဲ့ပါတယ်


၂။ Kylie Jenner ကတော့ အညိုရောင်နဲ့ ရွှေအိုရောင်ကို နှစ်ရောင်စပ်ပြီး အလန်းစားဖြစ်နေတာပါပဲ။


၃။ Cristiano Ronaldo က ဆံပင်ကို သဘာဝကောက်သားပုံစံ ကောက်ထားခဲ့ပါတယ်။ ကောင်လေးအများစု အခုနောက်ပိုင်း ဆံပင်အကောက်ပုံစံလေးတွေ ပြောင်းလဲလာတာကို ပိုမြင်လာရပါတယ်။


၄။ ဆံပင်ကောက်ပြီးနောက်လည်း ချစ်ဖို့ကောင်းနေပြန်တဲ့ Selena Gomez


၅။ Hilary Duff ကတော့ စိမ်းပြာရောင်နဲ့ လိုက်ဖက်လွန်းပါတယ်


၆။ Megan Thee Stallion ကတော့ သက်တန့်ရောင်ဆံပင်နဲ့ မိုက်တာထက် ပိုပါတယ်


သင့်အနေနဲ့ကော ဘယ်အချိန်က ဆံပင်ပုံစံ နောက်ဆုံးပြောင်းလဲခဲ့တာလဲ ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar